Pages

Pages

ထရမ့် က “ခင်ဗျားက နယ်စပ် ဖွင့်ပေးပြီး ရာဇဝတ်ကောင်တွေကို ဝင်လာခွင့်ပေးလိုက်တာ”၊ ဟားရစ် က “ရှင်က ရာဇဝတ်ကောင်ပဲ” ဟု အပြန်အလှန် ပြောဆို


ဖီလာဒဲလ်ဖီးယား၊ စက်တင်ဘာ ၁၁ 

အမေရိကန်နိုင်ငံ ဒုတိယသမ္မတ၊ ဒီမိုကရက်တစ်သမ္မတလောင်း ဟားရစ်နှင့် ရီပက်ဘလစ်ကန်သမ္မတလောင်း ထရမ့်တို့သည် ၎င်းတို့၏ ပထမဆုံး ရုပ်မြင်သံကြား စကားစစ်ထိုးပွဲတွင် အဆက်မပြတ် “စကားများရန်ဖြစ်”ခဲ့ကြသည်။ ဟားရစ် စသည့် ဒီမိုကရက်များသည် ဆန္ဒမဲရရှိရန် ရွှေ့ပြောင်းအခြေချသူ အများအပြားကို နိုင်ငံတွင်းသို့ ဝင်ရောက်ရန် ခွင့်ပြုပေးခဲ့ပြီး ယင်းသည် “ရာဇဝတ်ကောင်များ”၊ “အကြမ်းဖက်သမားများ” နှင့် “မူးယစ်ဆေးရောင်းဝယ်သူများ” ကို အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့် ပြုလိုက်ခြင်းနှင့် ညီမျှပြီး အမေရိကန်နိုင်ငံ၏ ရာဇဝတ်မှုဖြစ်ပွားနှုန်းကို မြင့်တက်စေသည်ဟု ဒီမိုကရက်တစ်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ထရမ့်က တိုက်ခိုက်ရာတွင် ပြောဆိုခဲ့သည်။

ဤစကားများသည် တရားစွဲခံရသူတစ်ဦး နှုတ်မှ ပြောထွက်ပေါ်လာခြင်းဖြစ်သည်ဟု ဟားရစ်က တုံ့ပြန်ခဲ့သည်။ ထရမ့်ကို ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်မှု၊ စီးပွားရေးရာဇဝတ်မှုစသည်တို့တွင် သံသယရှိသော “ရာဇဝတ်ကောင်” ဖြစ်သည်ဟု ၎င်းက စောင်းပါးရိပ်ခြည်ပြောခဲ့သည်။ ဟားရစ်သည် ယခင်က အခမ်းအနားအများအပြားတွင် အစိုးရရှေ့နေအဖြစ် အမှုထမ်းခဲ့ပြီး အမျိုးမျိုးသော ရာဇဝတ်မှုကျူးလွန်သူများနှင့် ဆုံတွေ့ခဲ့သည်ကို အကြိမ်ကြိမ် အလေးပေးပြောကြားခဲ့သည်။

ထရမ့်တွင် တရားစွဲခံထားရသော ပြစ်မှုပေါင်း ၄ ခုရှိပြီး၊ နယူးယောက်ပြည်နယ် “နှုတ်ပိတ်ခငွေပေးမှု”အတွက် ပြစ်ဒဏ်ချမည့်နေ့ကို ရွေးကောက်ပွဲပြီးနောက်ရွှေ့ဆိုင်းလိုက်ပြီး “လျှို့ဝှက်စာရွက်စာတမ်းများ ပေါက်ကြားမှု” အတွက် တရားရုံးကြားနာမည့်ရက်စွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပြီး၊ “၂၀၂၀ သမ္မတ ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ခြင်း” အမှုကလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ သက်ဆိုင်ရာ စီရင် ဆုံးဖြတ်ချက်ကြောင့် စစ်ဆေးမှုသည် သိသိသာသာ နှောင့်နှေးခဲ့ပြီး ဂျော်ဂျီယာပြည်နယ်ရှိ ထရမ့်၏ “အသာစီးပြန်ယူရေး မအောင်မြင်မှု” အမှုသည် အစိုးရရှေ့နေ၏ “ပုဂ္ဂိုလ်ရေးရာ သတင်းဆိုး” များကြောင့် နှောင့်နှေးခဲ့ရသည်ဟု အေပီ သတင်းဌာန၏ စုစည်းမှုအရ သိရသည်။


Ref - (ဆင်ဟွာ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment