Pages

Pages

မြင်းခြံမြို့၌ (၆၀) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ



မြင်းခြံ  ၊ စက်တင်ဘာ ၂၁


အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် (၆၀) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  စုပေါင်းသွေးလှူဒါန်းခြင်းကို ယမန်နေ့နံနက် (၁၀) နာရီ အချိန်က မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်ခဲ့သည်။


အဆိုပါ သွေးလှူဒါန်းပွဲသို့ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ (၂၂) ဦးတို့မှ သွေးလှူဒါန်းခဲ့ကြသည်။ သွေးလှူဒါန်းပွဲသို့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထွန်းမြ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူဒါန်းသူများအား အာဟာရဖြည့်စွက်အစားအစာများ ပေးအပ်ခဲ့ကြောင်း သိရသည်။         


ကျော်စွာ(မြင်းခြံ)

https://t.me/MyanmarNationalPost

No comments:

Post a Comment