ဒေးဒရဲမြို့နယ်၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေး သင်တန်းသားများ လက်တွေ့ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေးဒရဲမြို့နယ်၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေး သင်တန်းသားများ လက်တွေ့ကွင်းဆင်းဆောင်ရွက်




ဒေးဒရဲ ၊ စက်တင်ဘာ ၂၈


 ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်စာရင်းစစ် စာရင်းကောက်သင်တန်းများကို ၂၀၂၄ခုနှစ် ၊ စက်တင်ဘာလ (၁၇) ရက်နေ့ကစတင်၍ အမှတ် (၁) အခြေခံပညာကျောင်းရှိ စက်မှု၊ စိုက်ပျိုး၊ မွေး​မြူရေးအထက်တန်းကျောင်း၌ သင်တန်းဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စတင်၍သင်တန်းသား၊ သင်တန်းသူများကများက မြေပြင်လက်တွေ့ကောက်ယူခြင်းလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များတွင် လက်တွေ့ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။


အဆိုပါလုပ်ငန်းများဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးကဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်များရှိ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများဦးဆောင်မှုဖြင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းသားများက Mobile Tablet များဖြင့် လက်တွေ့ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။


ဒေးဒရဲမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၉၀) အုပ်စုရှိ နေထိုင်သူများအားလုံးကို (၂၀၂၄) ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့မှ ညဥ့်သန်းခေါင်ယံ ရည်ညွှန်းချိန်မှ စတင်၍ စာရင်းကောက်အဖွဲ့ (၃၉) ဖွဲ့က စာရင်းကောက်ကွက် (၅၅၂) ကွက်ဖြင့် ရပ်ကွက်၊ ကျေးရွာများအလိုက် Mobile Tabletဖြင့် (၁.၁၀. ၂၀၂၄) မှ (၁၅.၁၀.၂၀၂၄) ရက်နေ့အထိ ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ သိရသည်။


အေဇာလင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)