Pages

Pages

ကျိုက်ထိုမြို့နယ်တွင် ရေပြန်လည်ကျဆင်းသွားမှု‌ကြောင့် ရန်ကုန်-မော်လမြိုင် သွားကားလမ်း ပုံမှန်ဖြတ်သန်းသွားလာနိုင်




ကျိုက်ထို ၊ စက်တင်ဘာ ၁၂


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စက်တင်ဘာ (၁၁) ရက်နေ့နံနက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကော့ထင်းကျေးရွာအုပ်စု၊ ရန်ကုန် - မော်လမြိုင် သွားကားလမ်း မိုင်တိုင်အမှတ် (၁၀၆/၂) နှင့် (၁၀၆/၃) အကြား ရေ (၄) လက်မခန့်၊ လမ်းအရှည် (၄၀၀) ပေခန့်နှင့် မိုင်တိုင်အမှတ် (၁၀၆/၆) နှင့် (၁၀၆/၇) အကြား ကားလမ်းမကြီးပေါ်တွင် ရေ (၄) လက်မခန့်၊ လမ်းအရှည် (၃၀၀)ပေခန့် ကားလမ်းရေကျော်မှုဖြစ်ပွားခဲ့သည်။


ယခုအခါ စက်တင်ဘာ (၁၂) ရက်နေ့နံနက်ပိုင်းတွင် ရေများပြန်လည် ကျဆင်းသွားမှုကြောင့် ရန်ကုန်-မော်လမြိုင် သွားကားလမ်းမှာ ယာဉ်များပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment