Pages

Pages

မန္တလေးမြို့ ၆၂ လမ်း မနော်ရမ္မံအားကစားအဖွဲ့က စုပေါင်းဘုံဆွမ်းလောင်းလှူ



မန္တလေး၊ စက်တင်ဘာ ၁၁

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း(၈၀)ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့က ဦးစီး၍ ဧကဒသမအကြိမ်၊ အဋ္ဌမအပတ်၊ စုပေါင်းဘုံဆွမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက် ၆ နာရီက ကျင်းပပြုလုပ်သည်။

ထိုသို့ ဘုံဆွမ်းလောင်းလှူပွဲတွင် သံဃာတော်အရှင်သူမြတ်များအား ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဂေါပကအဖွဲ့နှင့်အတူ မန္တလေးမြို့ ၆၂ လမ်း၊ မနော်ရမ္မံ အားကစားအဖွဲ့က  ဆွမ်း၊ ဆွမ်းဟင်း၊ အရံဆွမ်းဟင်းများ လောင်းလှူကြပြီး အမျိုးသမီးအဖွဲ့ဝင်များကလည်း  လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူကြသည်။

အဆိုပါ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းအနေဖြင့် ယခုဥပုသ်နေ့တွင် အနောက်ထီးလင်းကျောင်းတိုက်နှင့် ဂွေးချိုကျောင်းတိုက်တို့မှ သံဃာတော် (၁၂၅)ပါးစီ  စုစုပေါင်း အပါး (၂၅၀)တို့အား ပင့်ဖိတ်၍ ဧကဒသမအကြိမ်၊ အဋ္ဌမအပတ်အဖြစ် စုပေါင်းဘုံဆွမ်းလောင်းလှူကြကြောင်း သိရသည်။


မြင့်မော်ထွန်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment