Pages

Pages

အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်ငွေလုံးငွေရင်းထုတ်ပေး






မှော်ဘီ     ၊   စက်တင်ဘာ       ၁၀

ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ် လူမှုဖူလုံ‎ရေး ရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မှော်ဘီမြို့ နယ်ရှိ Myanmar Wide Garment စက်ရုံမှ အာမခံ အလုပ်သမားအတွက် လုပ်ငန်းခွင်ပြင်ပ ထိခိုက်မှု ကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်းထုတ်ပေးခြင်းကို ရန်ကုန်တိုင်းဒေသ ကြီး၊ကျောက်တံတားမြို့နယ် ဘားလမ်းရှိ တိုင်းဒေ သကြီး လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ  ၁၂ နာရီက ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေး တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေး မှူး ဦးသိန်းနွဲ့ဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေ ပါ သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး မှော်ဘီမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော Myanmar Wide Garment စက်ရုံမှ အာမခံအလုပ်သမား ဦးရှိုင်းကိုကို၏ လုပ်ငန်းခွင်ပြင်ပ ထိခိုက်မှုကြောင့် အမြဲတမ်း မသန်စွမ်းမှု ငွေလုံငွေရင်း ခွင့်ပြုငွေ ကျပ် ၄၆၉၅၇၆၈ ကို ဦးရှိုင်းကိုကိုထံ ထုတ်ပေးခဲ့ ကြောင်းသိရသည်။


ဝင်းဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment