Pages

Pages

အမရပူရမြို့နယ်အတွင်း ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်နှင့် သီလရှင်(၆၁၄၅)ပါးတို့အတွက် ဆွမ်းဆန်၊ ဆီ၊ ကြက်သွန်နီနှင့် ကုလားပဲများအား လှူဒါန်း



အမရပူရ၊ စက်တင်ဘာ ၁၁

အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ ဝက်ကုန်းရပ်ရှိ ဆင်ဖြူမယ်ကျောင်းတိုက်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ ကြီးမှူးကျင်းပပြုလုပ်သော အမရပူရမြို့အတွင်းရှိ ဝါဆို၊ဝါကပ်တော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန်‌‌စိမ်း၊ ဆီ၊ ကြက်သွန်၊ ကုလားပဲ ထပ်ဆင့်ဆက်ကပ်လှူတန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်က ကျင်းပခဲ့သည်။

အဆိုပါ လှူဒါန်းပွဲကို တိုင်းသံဃာ့နာယကအဖွဲ့ဝင် ဆရာတော် ဥူးအဂ္ဂဉာဏ၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဥူးဇာဂရနှင့် ဆရာတော်ကြီး(၅)ပါးထံသို့  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အမရပူရမြို့နယ်အတွင်း ဝါဆိုတော်မူကြကုန်သော သံဃာတော်နှင့် သီလရှင်စုစုပေါင်း (၆၁၄၅) ပါးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့က လှူဒါန်းသော ဆန်(၂၄) ပြည်ဝင်အိတ် (၅၁၂.၀၈)အိတ်၊ ဆီ(၁၀) ပိဿာဝင်ပုံး (၁၅၄)ပုံး၊ ကြက်သွန်နီ (၃၀) ပိဿာဝင်အိတ် (၅၁)အိတ် ၆ ပိသာ၊ ကုလားပဲ (၃၀) ပိဿာဝင်အိတ် (၅၁)အိပ် ၆ပိသာ ကာလတန်ဘိုး ကျပ်သိန်း(၇၆၃၀၀၄၁၇) တို့အား ရေစက်သွန်းချ ဆက်ကပ်လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းခဲ့သော ဆန်၊ဆီ၊ကြက်သွန်နီနှင့် ကုလားပဲများကို အမရပူရမြို့နယ်အတွင်း ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်၊ သီလရှင်တို့အတွက် ကျောင်းတိုက်အလိုက် ရရှိသော လှူဒါန်းပစ္စည်းများခွဲဝေမှုကို အမရပူရမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦးက အနီးကပ် ကြီးကြပ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကုန်တင်ကုန်ချမှ ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


စိုးသီဟ(အမရ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment