Pages

Pages

မိုင်းရှူးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ဆောင်ရွက်






မိုင်းရှူး ၊ စက်တင်ဘာ ၆


ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက စာပေဝါသနာရှင်၊ စာဖတ်သူအချင်းချင်း ဗဟုသုတများဖလှယ်နိုင်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ရာ ဒေါ်သီတာလှိုင်က မှားမှာကိုမကြောက်ပါနဲ့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ‌ဒေါ်နန်းလှခင်က အောင်မြင်ခြင်းအတွက် တည်ဆောက်ယူခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်လဲ့လဲ့မင်းက မုန်လာဥဝါ၊ ကြက်ဥနဲ့ ကော်ဖီနဲ့ဘဝအမြင် ခေါင်းစဉ်ဖြင့်လည်းကောင်း မိမိတို့ဖတ်ရှုလေ့လာထားသော ခေါင်းစဉ်များပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် စာပေဝါသနာရှင် စုစုပေါင်း(၁၅)ဦး တက်ရောက်ဆွေးနွေး ခဲ့ကြောင်း သိရသည်။

သန်းလူ

https://t.me/MyanmarNationalPost



No comments:

Post a Comment