ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာတွင် ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းချိုင့်သွားပို့သည့် ဖခင်နှင့် ၄ နှစ်အရွယ်သမီးငယ်တို့အား PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာတွင် ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းချိုင့်သွားပို့သည့် ဖခင်နှင့် ၄ နှစ်အရွယ်သမီးငယ်တို့အား PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်



နေပြည်တော်၊ စက်တင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာမှ ဖခင်နှင့် သမီးငယ်တို့ ၂ ဦးသည် ကျေးရွာရှိ တောရဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းချိုင့်ပို့ရန် သွားရောက်စဉ် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ ဖခင်ဖြစ်သူနှင့် အသက် ၄ နှစ်အရွယ် သမီးတို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာမှ အမျိုးသား ၁ ဦးသည် စက်တင်ဘာလ ၂၇ ရက် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် ၎င်း၏သမီးဖြစ်သူ အသက် ၄ နှစ်အရွယ် သမီးဖြစ်သူနှင့်အတူ တောရဘုန်းတော် ကြီးကျောင်းသို့ ဆွမ်းချိုင့်သွားရောက် ပို့ဆောင်စဉ် PDF အမည်ခံအကြမ်းဖက်သမားများက ရက်စက် ယုတ်မာစွာ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ သားအဖ ၂ ဦး စလုံး လက်နက်ငယ် ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။ 

ဖြစ်စဉ်နှင့်ပတ်သက်၍ လူမဆန်စွာ ရက်စက်ယုတ်မာသော လုပ်ရပ်ကို လုပ်ဆောင်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများကို သတင်း သုံးသပ်ဖော် ထုတ်ဖမ်းဆီး ရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းကျေးရွာနှင့် ပတ်ဝန်း ကျင်အား ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်းနှင့် လိုအပ်သောလုံခြုံရေးလုပ်ငန်းများ တိုးမြှင့် လုပ်ဆောင်လျက် ရှိကြောင်း သိရှိရသည်။

အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH နှင့် NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် ၎င်းတို့ခိုအောင်းလှုပ်ရှားနေသည့် ဒေသများတွင် ၎င်းတို့ အပေါ် အားပေးထောက်ခံမှုမရှိသည့် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်း၊ မြို့၊ ရွာများ အတွင်းဝင်ရောက်၍ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများ၊ ဒရုန်းများ အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား အဆင်အခြင်မဲ့စွာ လုပ်ဆောင်လျက်ရှိသည်။ PDF အမည်ခံအကြမ်းဖက် သမားများအနေဖြင့် ယခုကဲ့သို့ ကလေးငယ်များပါမချန် အပြစ်မဲ့ပြည်သူများအား ရက်စက်စွာ ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းအပေါ် ဒေသခံပြည်သူများက ရွံ့ရှာစက်ဆုပ် မုန်းတီးလျက်ရှိပြီး ၎င်းတို့ ၏အကြမ်းဖက်လုပ်ရပ်များပေါ် လက်ခံနိုင်ခြင်းမရှိသည့် အတွက် တပ်မတော်၏ အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်မှု (Counter– Terrorism Operation) ဆောင်ရွက်ရာတွင် အားတတ်သရော ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)