Pages

Pages

အိမ်မဲမြို့တွင် AA အကြမ်းဖက်အဖွဲ့အတွက် ပို့ဆောင်ပေးမည့် ရိက္ခာပစ္စည်းများ ဖမ်းဆီးရမိထားကြောင့် ဒေသခံက ဆက်သွယ်ပြောဆို


အိမ်မဲ၊ အောက်တိုဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့တွင် ၂၁-၁၀-၂၀၂၄ ရက်နေ့က AA အကြမ်းဖက်အဖွဲ့၏ ရိက္ခာများ တင်ဆောင်လာသည်ဟု သတင်းရရှိပြီး မြို့နယ် စီမံအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အိမ်မဲမြို့နယ်၊ ကျွန်းကုန်းကျေးရွာမှ စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ ကုန်ကား ၇စီးအပြည့် ဆန်၊ ဆီ၊ ဆားနှင့် အရက်၊ ဘီယာ၊ စစ်ဖိနပ်များ ဖမ်းဆီးရမိကြောင်း ဒေသခံတစ်ဦးက မြန်မာနေရှင်နယ်ပို့စ် သို့ ဆက်သွယ်ပြောဆိုသည်။

ဒေသခံက "၂၁ရက်နေ့က ရန်ကုန်  ဘက်ကနေ AA ရိက္ခာများ တင်ဆောင်လာတယ်လို့  သတင်းရတဲ့အတွက် မစဖ က ဦးဆောင်ပြီး ကျွန်းကုန်းကျေးရွာအုပ်စုကနေ စောင့်ဖမ်းခဲ့ပါတယ်။ ကုန်ကား  ၇ စီးအပြည့်  ဆန်၊ ဆား၊ ဆီ၊ လောင်စာဆီ၊ ဆေးဝါး၊ အရက်၊ ဘီယာ၊ သေနက်လွယ်ကြိုး၊ စစ်ဖီနပ်နဲ့ အဝတ် အထည်များ ပါတယ်။ ကား  ၇ စီး  အနက် ၁စီး သည်နွှံနစ်နေသဖြင့် ကား၆စီးကို အိမ်မဲ  မြို့မဘောလုံးကွင်းရှိ  မိုးလုံလေလုံ ခန်းမအတွင်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။" ဟု ဆက်သွယ်ပြောဆိုသည်။

ဖမ်းဆီးရမိသူများကို စစ်ဆေးဆဲဖြစ်ကြောင်း ဒေသခံက ဆက်သွယ်ပြောဆိုထားပြီး အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သတင်းမှန်ထုတ်ပြန်ရေးက ထုတ်ပြန်ခြင်း မရှိသေးပေ။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment