Pages

Pages

ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ (ACC) ၏ အားကစားပြိုင်ပွဲများနှင့် မိသားစုနေ့ (ACC Games and Family Day) ၌ မြန်မာသံရုံးမှပါဝင်



ကင်ဘာရာ၊ အောက်တိုဘာ ၂၂

ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ (ACC) ၏ အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဖိလစ်ပိုင်သံရုံးက ဦးဆောင်၍ အာဆီယံသံရုံးများ၏ ပူးပေါင်းပါဝင်မှုဖြင့် အာဆီယံ-ကင်ဘာရာကော်မတီ၏ အားကစားပြိုင်ပွဲများနှင့်မိသားစုနေ့ (ACC Games and Family Day) ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်တွင် ကင်ဘာရာမြို့ရှိ Lennox Gardens District Park ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနား၌ မြန်မာသံရုံးအပါအဝင် အာဆီယံသံရုံးများသည် သံရုံးအလိုက် ယာယီပြခန်းငယ်များဖြင့် ရိုးရာအနုပညာလက်ရာပစ္စည်းများ၊ အသုံးအဆောင်များကို ခင်းကျင်း ပြသခဲ့ကြပြီး လာရောက်ကြည့်ရှုသူများအား အစားအသောက်များဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြပါ သည်။ ထို့အပြင် အာဆီယံသံရုံးဝန်ထမ်းများနှင့်မိသားစုဝင်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် နားလည်မှုများ ပိုမိုခိုင်မာလာစေရန် အားကစားနည်းများ ယှဉ်ပြိုင်ခြင်းနှင့် အနိုင်ရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ 

ကင်ဘာရာမြို့၊ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ ဦးသက်ထွန်း ဦးဆောင်သည့် သံရုံးဝန်ထမ်းများနှင့်မိသားစုဝင်များသည် အဆိုပါအခမ်းအနား၌ အခြားအာဆီယံသံရုံးများနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost



No comments:

Post a Comment