Pages

Pages

လှည်းကူးမြို့နယ်တရားရုံးရှေ့ ဦးဆောင်ဆန္ဒပြရန် တင်ပြထားသူကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက လာရောက်ရန် စာပို့


ရန်ကုန်၊ အောက်တိုဘာ ၂၂

လှည်းကူးမြို့နယ်တရားရုံးရှေ့တွင် ငြိမ်းချမ်းစွာစုဝေးဆန္ဒပြမည်ဖြစ်ကြောင်း အသိပေးတင်ပြထားသည့် ဦးနေထက်ပိုင်အား လှည်းကူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ၂၃-၁၀-၂၀၂၄ ရက်နေ့ နံနက် (၉ ၀၀)နာရီ လာရောက်ပေးရန် လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စာပို့ထားကြောင်း သိရသည်။

အဓမ္မဝါဒ ဖော်ထုတ်တင်ပြသူ ဦးအောင်မြိုင်၊ ဦးအောင်အောင်ဇော်တို့အား လှည်းကူးမြို့နယ်တရားရုံးတွင် အမှုဖွင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ အမှုကို ပလပ်ပေးရန်နှင့် အဓမ္မဝါဒဟောပြောနေသော ဦးသူရိယအား တရားဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူပေးရန် လှည်းကူးမြို့နယ်တရားရုံးရှေ့တွင် ၂၃-၁၀-၂၀၂၄ ရက်နေ့၊ နေ့လည် (၂ ၀၀)နာရီတွင် သံဃာ(၁၀၀)၊ လူ(၄၀၀)ဖြင့် ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြမည်ဖြစ်ကြောင်း လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ဦးနေထက်ပိုင်က ဦးဆောင်၍ အသိပေးတင်ပြထားခြင်းဖြစ်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment