Pages

Pages

ယူကရိန်းဒရုန်း ၃၁ စင်းအား ရုရှားလေကြောင်းရန် ကာကွယ်ရေးတပ်က ဖျက်ချနိုင်ခဲ့


မော်စကို၊ အောက်တိုဘာ ၂၆

ယူကရိန်း မောင်းသူမဲ့ လေယာဉ် ၃၁ စင်းကို လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့များက လွန်ခဲ့သည့် နေ့တွင် ပစ်ချခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဝန်ကြီးဌာန၏ အဆိုအရ Belgorod ဒေသတွင် မောင်းသူမဲ့ လေယာဉ် ၂စင်း၊ Kursk ဒေသတွင် ၁၀ စင်း၊ Oryol ဒေသတွင် ကိုးစီးနှင့် Bryansk ဒေသတွင် ၃ စီးတို့ ပျက်ကျခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ယူကရိန်းဒရုန်း ၃ စင်းသည် Azov ပင်လယ်၊ Belgorod ဒေသတွင် နောက်ထပ် ၃ စင်းနှင့် Bryansk ဒေသတွင် တစ်ခု ဖျက်ဆီးခံခဲ့ရသည်။ Rostov ဒေသတွင် မီးပုံးပျံငယ်တစ်စင်း ပစ်ချခံခဲ့ရသည်။


Ref - Tass

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment