Pages

Pages

စလင်းမြို့နယ်တွင် မိုခါလူသားချင်းစာနာမှုအစီအစဉ်ဖြင့် မကွေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဆင်ဖြူကျွန်း ကြက်ခြေနီအသင်းခွဲငယ်က ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်





စလင်း ၊ အောက်တိုဘာ ၂၀


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ ကညှပ်ကျေးရွာရှိ ရေဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာမှုအစီအစဉ်ဖြင့် မကွေးတိုင်းဒေသကြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဆင်ဖြူကျွန်းမြို့ ကြက်ခြေနီအသင်းခွဲငယ်မှ ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီခွဲက ကညှပ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ပေးအပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခြင်းနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီး ကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဆင်ဖြူကျွန်းမြို့ ကြက်ခြေနီအသင်းခွဲငယ်မှ တာဝန်ရှိသူများက ရှင်းလင်းနှုတ်ခွန်းဆက်စကား ပြောကြားပြီး ကညှပ်ကျေးရွာနှင့် အုန်းတောကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများအား လူသားချင်းစာနာမှု အစီအစဉ်ဖြင့် ထောက်ပံ့ပေးအပ်သည့် မိသားစုတကိုယ်ရည်သုံးပစ္စည်းများကို ဒေသခံပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။


အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ တာဝန်ရှိသူများ၊ ဆင်ဖြူကျွန်းမြို့ ကြက်ခြေနီအသင်းခွဲမှတာဝန်ရှိသူများ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဆေးခြင်ထောင်၊ ကာဗွန်လင်၊ စောင်၊ Lndivdual Hygiene Kit နှင့် Dignity Kit ပစ္စည်း (၅) မျိုးတို့ကို ကညှပ်ကျေးရွာမှ အိမ်ထောင်စု (၁၆၈) နှင့် အုန်းတောကျေးရွာမှ အိမ်ထောင်စု (၃၀) စု၊ စုစုပေါင်း အိမ်ထောင်စု (၁၉၈) အိမ်ထောင်စုတို့၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။


မောင်လွင်(စလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment