ဒုတိယဝန်ကြီး ဦးမြင့်စိုး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ကျေးလက်လမ်းများဖောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ကျေးလက်လမ်းများဖောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ အောက်တိုဘာ ၂၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယမန်နေ့က မန္တလေး တိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ဝဲကျေးရွာသို့ ရောက်ရှိပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်း တူးဖော်နေသည့် ကိုဖြူကန်နှင့် တောရကျောင်းကန်တို့ကို ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ဒေသခံတောင်သူ များ၏ ဆီထွက်သီးနှံ မြေပဲစိုက်ခင်း များ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ကုန်းတန်းကြီး ကျေးရွာအဝင်လမ်း တစ်မိုင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆက်လက် ဆောင်ရွက်နေမှု၊ မင်းနန်သူ ကျေးရွာအဝင်လမ်း အရှည် ၂ ဒသမ ၈၅ ဖာလုံ ကတ္တရာခင်းခြင်း လုပ်ငန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက တာဝန်ယူဆောင် ရွက်နေသော မင်းနန်သူကျေးရွာ တွင်း လမ်းအရှည်ပေ ၁၆၅၀ ဂျင်းကျောက်ခင်းခြင်း လုပ်ငန်းနှင့် ပေ ၃၀ Slab Culvert နှစ်စင်း တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် အနောက်ဖွားစော ကျေးရွာရှိ အခြေခံပညာအလယ် တန်းကျောင်းသို့ ရောက်ရှိပြီး ဒုတိယ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမ များနှင့် တွေ့ဆုံအမှာအစကား ပြောကြားကာ အခြေခံပညာ အလယ်တန်းကျောင်း အတွက် လူငယ်စာပေဆိုင်ရာ စာအုပ်စာ စောင်များ၊ မဂ္ဂဇင်းစာအုပ်များနှင့် အားကစားပစ္စည်းများကို ပေးအပ် လှူဒါန်းသည်။

ဆက်လက်၍ တောင်ဘီ ကျေးရွာ ကျေးရွာတွင်းလမ်း အရှည် ၅ ဒသမ ၂ ဖာလုံ ဂျင်းကျောက်ခင်းခြင်း လုပ်ငန်းနှင့် လမ်းဘေးရေနုတ်မြောင်း တူးဖော် နေမှုကိုလည်းကောင်း၊ မြင်းကပါ ကျေးရွာရှိ “ရွှေ” ယွန်းစက်မှု လက်မှုနှင့် ကုန်ထုတ်သမဝါယမ အသင်း၏ ယွန်းထည်ပစ္စည်းများ ထုတ်လုပ်ရောင်းချနေမှု၊ အသေး စား စက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၏ မိသားစုဝင်ငွေတိုးရေးစီမံ ကိန်းဖြင့် ဆိုင်ကယ်ပြင်သင်တန်း ဖွင့်လှစ်နေမှုကို လည်းကောင်း ကြည့်ရှုကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် သိန်း ၃၀၀ ကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက် နတ်ကြို့အိုင် ကျေးရွာသို့သွားရောက်ပြီး ကန်မ ကြီးကန်နှင့် မြောက်စုကန်တူးဖော် နေမှုကိုလည်းကောင်း၊ ကန်ပေါက် အရှေ့ကျေးရွာသို့ သွားရောက်၍ ကန်ကြီးကန်နှင့် ကျင်လိုကန် တူးဖော်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များ မှာကြားသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း၌ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန က ရေကန်နှစ်ကန် တာဝန်ယူ တူးဖော်ပေးခဲ့ပြီး အလှူရှင်များ လှူဒါန်းထားသော ရေကန် ၁၀ ကန်ကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီး ဌာနတို့က တူးဖော်ပေးလျက်ရှိရာ စုစုပေါင်းရေကန် ၁၂ ကန် အနက် ရှစ်ကန်ကို ၁၀၀ ရာခိုင်နှုန်း တူးဖော် ပေးပြီးဖြစ်သည်။ ဆောင်ရွက်ဆဲ ကျန် ရေကန် လေးကန် ကိုလည်း ယခုအောက်တိုဘာလကုန်အပြီး တူးဖော်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)