Pages

Pages

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ ပထမဆုံးအကြိမ် မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ်မီးမျှောပူဇော်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်




ပဲခူး၊ အောက်တိုဘာ ၁၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပထမဆုံးအကြိမ် မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ် မီးမျှောပူဇော်ပွဲတော်အား ယမန်နေ့ညပိုင်းက ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်း ရပ်ကွက်၊ ပဲခူးမြစ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပထမဆုံးအကြိမ် မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ် မီးမျှောပူဇော်ပွဲတော်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ ပဲခူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများမှ မြတ်ဗုဒ္ဓထံ ရည်မှန်း၍ မီးကြာခွက် (၂၀၀၀) အား မီးမျှောပူဇော်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီး၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ညစဉ်ဆီမီး (၇၀၀၀) ကပ်လှူပွဲသို့ တက်ရောက်၍ ဆီးမီးထွန်းညှိပူဇော်ခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သက်ဖြိုးကြိုင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment