Pages

Pages

ပေါင်မြို့နယ်၌ ကုန်ဈေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ

 



ပေါင် ၊အောက်တိုဘာ ၄


မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်ဈေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်စည်များဖြစ်သည့် အမဲသားတစ်ပိသာ (၁၅၀၀၀) ကျပ်၊ ဝက်သားတစ်ပိသာ (၁၅၀၀၀) ကျပ်၊ ဆန် (၁) ပြည် (၃၂၀၀) ကျပ်၊ ဆီတစ်ပိသာ(၈၀၀၀)ကျပ်၊ ကြက်ဥ (၄) လုံး (၁၀၀၀) ကျပ်စသည်တို့ကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါဈေးရောင်းချခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သံမရောင်၊ အဖွဲ့ဝင် ဦးကျော်လင်းဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် ဈေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သက်သာချောင်ချိရေးဆိုင်တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မွန်မလေး 

https://t.me/MyanmarNationalPost


https://t.me/MyanmarNationalPost

No comments:

Post a Comment