Pages

Pages

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားတွင် အရပ်သားများ သေဆုံး


အင်္ဂါနေ့ညနေပိုင်းက ဒမတ်စကတ်ရှိ လူနေရပ်ကွက်တစ်ခုအား အစ္စရေးက လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အနည်းဆုံး အရပ်သား ၇ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း ဆီးရီးယားမီဒီယာများက ဖော်ပြသည်။

ဂိုလန်ကုန်းမြင့်ပေါ်မှ အစ္စရေးလေယာဉ်များမှ ပစ်လွှတ်သော ဒုံးကျည်သုံးစင်းသည် Mezzeh ရပ်ကွက်ကို ထိမှန်ခဲ့ပြီး ကြီးမားသော ပစ္စည်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်ကို ကိုးကား၍ နိုင်ငံပိုင်သတင်းအေဂျင်စီ SANA က ဖော်ပြခဲ့သည်။

အသတ်ခံရသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးတွေလည်း ပါဝင်တယ်လို့ ဆီးရီးယား အစိုးရပိုင် တီဗွီသတင်းမှာ ဖော်ပြထားသည်။

ပစ်မှတ်ထားတဲ့ အဆောက်အဦဟာ ဒမတ်စကတ်ရှိ အီရန်သံရုံးနဲ့ မလှမ်းမကမ်းမှာ ရှိနေပါတယ်။ လက်ဘနွန်ရှီအာပြည်သူ့စစ်အား အီရန်ထံမှ လက်နက်များ ထောက်ပံ့ပေးသည်ဟု စွပ်စွဲထားသည့် ယူနစ် ၄၄၀၀ မှ ဟစ်ဇ်ဘိုလာ အရာရှိတစ်ဦးကို ပစ်မှတ်ထားသည်ဟု ဆော်ဒီအခြေစိုက် Al-Hadath မှ အစ္စရေးမီဒီယာကို ကိုးကားဖော်ပြချက်အရ သိရသည်။


Ref - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment