နမ့်စန်မြို့နယ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ကွက် (၇၉) ကွက် ကောက်ယူပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်မြို့နယ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ကွက် (၇၉) ကွက် ကောက်ယူပြီးစီး





နမ့်စန် (တ)၊  အောက်တိုဘာ ၈


ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကိုအောက်တိုဘာ၁ ရက်နေ့မှစတင်၍ ဆောင်ရွက်လျှက်ရှိရာ အောက်တိုဘာလ ၆ ရက်နေ့အထိ ကောက်ကွက်ပေါင်း (၇၉) ကွက် ကောက်ယူပြီးစီးပြီဖြစ်ကြောင်း သိရသည်။


နမ့်စန်မြို့နယ်တွင် ခိုလမ်မြို့အပါအဝင် ရပ်ကွက် (၁၁) ခု နှင့်ကျေးရွာ (၁၆၉) ရွာ၌ ကောက်ကွက်ပေါင်း (၃၆၀) ကွက်ရှိပြီး  စာရင်းစစ်၊စာရင်းကောက် ၊ Volunteer များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ စုစုပေါင်း (၁၆၃) ဦးတို့က ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်လျက်ရှိပြီး ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် ကော်မတီဝင်များက ရပ်ကွက်နှင့် ကျေးရွာများသို့ လှည့်လည်ကွင်းဆင်းကြီးကြပ်၍ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

https://t.me/MyanmarNationalPost

သူရအောင်(နမ့်စန်)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)