Pages

Pages

ရပ်စောက်မြို့တွင် ငွေကျပ် ၁,၂၂၃ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


နေပြည်တော်၊ အောက်တိုဘာ ၂၆

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ရပ်စောက်မြို့၊ ဗထူးရပ်ကွက်၊ ကျောက်ဂူ - ရပ်စောက်သွားကားလမ်းတွင် အောက်တိုဘာလ ၂၄ ရက်နေ့ ၁၆ ၃၀ အချိန် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ထွန်းလွင် မောင်းနှင်လာသည့် TOYOTA LANDCRUISER PRADO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ငွေကျပ် ၁,၂၂၃ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိခဲ့သည်။

စိတ်ကြွရူးသွပ်ဆေးပြား ၂၃၈,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁,၁၉၀)၊ ဘိန်းဖြူ အလေးချိန် ၂၂၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၃ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ထွန်းလွင်(၅၁)နှစ်အား ရပ်စောက်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment