Pages

Pages

ရွှေတောင်မြို့နယ်၌ ဆောင်းရာသီ ဆီထွက်သီးနှံ (၂၁၈၂၂)ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး စိုက်ပျိုးပြီး( ၁၀၃၇၈) ဧကရှိ

 



ရွှေတောင် ၊ အောက်တိုဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင် မြို့နယ်၌ ရာသီအလိုက်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ တောင်သူများအနေဖြင့် ဒေသတွင်းစာသုံးဆီဖူလုံပိုလျှံရန်အတွက် လာမည့်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ (၂၁၈၂၂) ဧက စိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လျာထားဆောင်ရွက်လျက်ရှိပြီး  ဆောင်းသီးနှံစိုက်ခင်းများစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

      ယခုနှစ်  ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက် သီးနှံ မြေပဲ(၁၅၈၉၃)ဧက၊နှမ်း(၅၁၉၄)ဧက၊နေကြာ(၇၃၅)ဧက၊ စုစုပေါင်း(၂၁၈၂၂)ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး မြေပဲ(၈၃၉၃)ဧက၊နှမ်း(၁၉၈၅)ဧက စုစုပေါင်း(၁၀၃၇၈)ဧက စိုက်ပျိုးပြီးစီးခဲ့ပြီးတောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် သီးနှံအထွက်တိုး အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သည့် မျိုးစေ့၊ စိုက်ပျိုးရေးနည်းပညာနှင့် အထောက်အပံ့များကို တာဝန်ရှိသူများမှ ပံ့ပိုးကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment