Pages

Pages

ရွှေတောင်မြို့နယ်တွင် ၂၀၂၄- ၂၀၂၅ပညာသင်နှစ် ၊မြို့နယ်အဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ

 



ရွှေတောင် ၊ အောက်တိုဘာ -၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး ၊မွေးမြူရေးအထက်တန်းကျောင်းတွင် ယနေ့နံနက် ( ၉း၀၀) နာရီက  ၂၀၂၄- ၂၀၂၅ပညာသင်နှစ် ၊မြို့နယ်အဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ ဖြေဆိုခဲ့ကြကြောင်းသိရသည်။

     အဆိုပါ ၂၀၂၄- ၂၀၂၅ပညာသင်နှစ် ၊မြို့နယ်   အဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို Grade (5) မှGrade (9) ထိ နံနက် (၉း၀၀) နာရီမှ နံနက် ( ၁၀း၀၀) နာရီ ထိရေးဖြေ   ဖြေဆို၍ နေ့လယ် ( ၁၂း၀၀) နာရီမှ နေ့လယ်   (၁း၀၀) နာရီ ထိ ဓမ္မဓိဌာန်ရေးဖြေ ဖြေဆိုရာ အင်္ဂလိပ်စာစွမ်းရည် ( ၁၂ဝ) ဦး၊ သင်္ချာစွမ်းရည်      (၁၆၆) ဦးစုစုပေါင်း ( ၂၈၆) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment