Pages

Pages

စလင်းမြို့နယ်၌ မိုခါလူသားချင်းစာနာမှုအစီအစဉ်ဖြင့် မကွေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ထောက်ပံ့ရေးပစ္စည်းများနှင့် ငွေသားများ ထောက်ပံ့ပေးအပ်

 




စလင်း ၊  အောက်တိုဘာ  ၁၉


မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်ကျေးရွာရှိ  ရပ်ရွာလူထုအတွက် လူသားချင်းစာနာမှုအစီအစဉ်ဖြင့်  ရေဘေးသင့်ပြည်သူများအား မကွေးတိုင်းဒေသကြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများနှင့် ငွေသားများထောက်ပံ့ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီ မိနစ် ၃၀အချိန်က နွယ်တမယ်ကျေးရွာရှိ ဘုရားတန်ဆောင်းအတွင်း၌ ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါထောက်ပံ့ရေးပစ္စည်းများ  ပေးအပ်ရာတွင်  မကွေးတိုင်းဒေသကြီးကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ဆင်ဖြူကျွန်းမြို့ နွယ်တမယ်ကျေးရွာရှိ အိမ်ထောင်စုများအား ငွေသားနှင့်ပစ္စည်းထောက်ပံ့ခြင်းကို ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး နွယ်တမယ်ကျေးရွာ ရေဘေးသင့်ပြည်သူများအား လူသားချင်းစာနာမှုအစီအစဉ်ဖြင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ငွေသားထောက်ပံ့မှုအဖြစ် အိမ်ထောင်စု (၂၄၉) အိမ်ထောင်စုအတွက် ငွေသား (၃)သိန်းကျပ်စီအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ငွေသားမရရှိသည့်အိမ်ထောင်စု (၂၈၇) အိမ်ထောင်စုအတွက် ဆေးခြင်ထောင်၊ ကာဗွန်လင်၊ စောင်၊ Individual Hygiene Kit နှင့် Dignity Kit ပစ္စည်း (၅) မျိုးတို့အား မကွေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ တာဝန်ရှိသူများ၊ ဆင်ဖြူကျွန်းကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ပြည်သူတို့၏လက်ဝယ်အရောက်  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း  သိရသည်။


မောင်လွင်(စလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment