တိုကျို၊ အောက်တိုဘာ ၂၉
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာသံရုံး၊ တိုကျိုမြို့နှင့် အာဆီယံ-ဂျပန် စင်တာတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ချောင်းသာမြို့၊ Azura Beach Resort ၌ ကျင်းပခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန် အွန်လိုင်းမှ တစ်ဆင့် ပါဝင်တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်နှင့် အာဆီယံ-ဂျပန်စင်တာမှ စီမံကိန်းဒါရိုက်တာ Mr. Chairat Liengkajornkiet တို့က အမှာစကား အသီးသီး ပြောကြားခဲ့သည်။
ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ၊ စုစုပေါင်း (၁၀၀) ဦးကျော် တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းအား ရက်သတ္တ (၂) ပတ် ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment