Pages

Pages

တာမွေမြို့နယ်တွင် ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ နေမှုအား လိုက်လံကြည့်ရှုအားပေး

 


တာမွေ     ၊   အောက်တိုဘာ     ၃

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ ၂၀၂၄-ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့ နံနက် (၇)နာရီအချိန်မှစတင်ကာ သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့များဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၀)တွင် လူဦးရေ နှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ တာမွေမြို့နယ်အတွင်း ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ နေမှုအား ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် သန်းခေါင်စာရင်း ရည်ညွှန်းချိန်ဖြစ်သည့် ၂၀၂၄-ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့ ညဉ့်သန်းခေါင်ယံအချိန်ရှိ လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းကို ၂၀၂၄-ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ အောက်တိုဘာလ(၁၅)ရက်နေ့အထိ နေ့စဉ်နံနက် (၇)နာရီမှ ညနေ(၆)နာရီ အချိန်အထိ ကောက်ကွက်(၂၈)ကွက်၊ အဖွဲ့(၂၈)ဖွဲ့ခွဲ၍ စာရင်းစစ်၊ စာရင်းကောက်အင်အား (၁၆၂)ဦးဖြင့် ကောက်ယူ သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ တိကျမှန်ကန်သော လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက် များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိရန်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ ပြောင်းလဲမှုများအား နှိုင်းယှဉ်လေ့လာ သုတေသနပြုပြီး လိုအပ်သော မူဝါဒ၊ စီမံကိန်း၊ မဟာ ဗျူဟာ၊ နည်းဗျူဟာများကို ချမှတ်နိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက် မှုစီမံကိန်း (Myanmar Sustainable Development Plan MSDP) အကောင်အထည်ဖော်ရာတွင် လိုအပ်သော အညွှန်း ကိန်းများ ပံ့ပိုးပေးနိုင်ရန်၊ မြန်မာနိုင်ငံအမျိုးသားစာရင်းအင်းစနစ် (National Statistical System)၏ စာရင်းအင်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ (National Strategy for Development of Statistics- NSDS) အထောက်အပံ့ပြုနိုင်ရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

https://t.me/MyanmarNationalPost

No comments:

Post a Comment