တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၄ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အားကစားနည်းအလိုက် အသင်းတာဝန်ခံများနှင့် တွေ့ဆုံပွဲ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၄ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အားကစားနည်းအလိုက် အသင်းတာဝန်ခံများနှင့် တွေ့ဆုံပွဲ တက်ရောက်




ပုသိမ်၊ အောက်တိုဘာ ၂၅

တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ နေ့လယ်ပိုင်း၌ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအားကစားနည်းအလိုက် အသင်းတာဝန်ခံများနှင့်တွေ့ဆုံပွဲ  တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် အားကစားနည်းများအလိုက် ပြိုင်ပွဲများ ပြုလုပ်ခဲ့ပြီး အရည်အချင်းရှိသည့် အားကစားသမားများ ရှာဖွေဖော်ထုတ်ခဲ့ပါကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် လူရွေးချယ်မှုများ၊ ဖွဲ့စည်းမှုများနှင့် စခန်းသွင်းလေ့ကျင့်မှုများအား ကြိုတင်ပြင်ဆင်ခြင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျွမ်းကျင်သည့်နည်းပြများ၊ နည်းစနစ်မှူးများက စနစ်တကျလေ့ကျင့်သင်ကြားပေးကြရမည်ဖြစ်ပြီး တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားကောင်းများ ထွက်ပေါ်လာရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အားနည်းချက်များကိုပြင်ဆင်ပြီး အောင်မြင်မှုပန်းတိုင်ရောက်အောင် ဆောင်ရွက်ကြရန်နှင့် အားကစားသမားများ ကိုယ်ကာယကြံခိုင်ရေးအစားအသောက်မှစ၍ ဂရုပြုဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူးက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် မိမိတို့တိုင်းဒေသကြီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများ၊ အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အားကစားသမားရွေးချယ်ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ မြို့နယ်ခရိုင်အလိုက် အားကစားပြိုင်ပွဲများကျင်းပပြီးစီးမှုအခြေအနေများ၊ အားကစားသမားများ ကြိုတင်စခန်းသွင်း လေ့ကျင့်ဆောင်ရွက်ထားမှုအခြေအနေများ၊ မိမိတို့တိုင်းဒေသကြီးမှ နှစ်အလိုက်ဆုတံဆိပ်ရရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြ ခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားနည်းအလိုက် အသင်းတာဝန်ခံများက စခန်းသွင်းလေ့ကျင့်ပြင်ဆင်နေမှုများ၊ ပြိုင်ပွဲယှဉ်ပြိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဧရာဝတီတိုင်းဒေသကြီးမှ အားကစားနည်း (၂၃) မျိုးနှင့် မသန်စွမ်းအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


ကျော်ဟိန်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)