Pages

Pages

ပြည်ကြီးတံခွန်မြို့နယ်တွင် မယ်ဇလီဖူးတက်ခူးရာမှ ဓာတ်လိုက်သေဆုံးမှုဖြစ်


မန္တလေး၊ အောက်တိုဘာ ၂၈

ပြည်ကြီးတံခွန်မြို့ နယ်၊ (စ)ရပ်ကွက်၊၁၂၅×၅၆ လမ်းထောင့်တွင် ၂၇-၁၀-၂၀၂၄ ရက်နေ့ ညနေ ၅:၂၀ အချိန်ခန့်တွင် အမျိုးသားတစ်ဦး ဓါတ်လိုက် သေဆုံးနေကြောင်းသတင်းအရ သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ မယ်ဇလီပင်ပေါ် သို့ မယ်ဇလီဖူးတက်ခူးရာမှ လမ်းဘေးတွင် မီးသွယ်တန်းထားသော လျှပ်စစ်မီးကြိုးဖြင့် ထိမိရာမှ ဓါတ်လိုက်ပြီး သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ ထွန်းမင်းလတ်၊ ၃၈နှစ်၊ (ဘ)ဦးဝင်းလှ၊ ပရိဘောဂလုပ်သား၊ ၅၁လမ်း၊ ၁၂၀×၁၂၁ လမ်းကြား၊ သင်ပန်းကုန်းရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ် နေသူဖြစ်ကြောင်း သိရှိရပြီး ၎င်းသည် ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၅လမ်း၊ ၅၅(C) လမ်းနှင့် ၅၆လမ်းကြား၊ လမ်းဘေးရှိ မယ်ဇလီပင် ဂွကြားတွင် မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အား စုံစမ်းခဲ့ရာ သေဆုံးသူသည် လမ်းဘေးရှိ မယ်ဇလီပင်ပေါ် သို့ မယ်ဇလီဖူးတက်ခူးရာမှ လမ်းဘေးတွင် မီးသွယ်တန်းထားသော လျှပ်စစ်မီးကြိုးဖြင့် ထိမိရာမှ ဓါတ်လိုက်ပြီး ဝဲ-လက် မီးလောင်စုတ်ပြဲဒဏ်ရာ၊ ဝဲ-ပခုံး ပွန်းဒဏ်ရာနှင့် ဝဲ/ယာခြေထောက် မီးလောင် စုတ်ပြဲဒဏ်ရာများရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment