Pages

Pages

မြစေတီဆရာတော်ဘုရားကြီး၏ သက်တော်(၈၀)ပြည့်မွေးနေ့ အထိမ်းအမှတ် ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဆီမီး (၁၁၀၀၀) ပူဇော်








ရန်ကုန်၊ အောက်တိုဘာ ၂၆

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(မွန်ပြည်နယ်)၏ ဩဝါဒါစရိယ နာယကဆရာတော် ဖြစ်တော်မူသော ကျေးဇူးတော်ရှင် အဘိဓဇအဂ္ဂမဟာမင်္ဂလဓမ္မဇောတိက မြစေတီဆရာတော်ဘုရားကြီး၏ သက်တော်(၈၀)ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆီမီး (၁၁၀၀၀) ပူဇော်ပွဲကို (၂၆-၁၀-၂ဝ၂၄) စနေနေ့ ညနေ(၆)နာရီတွင် ကပ်လှူပူဇော်ကြရာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)မှ ဗဟိုဥက္ကဋ္ဌ ဦးရဲထွန်း ဦးဆောင်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ရန်ကုန်တိုင်းဒေသကြီး)မှ အလုပ်အမှုဆောင်များနှင့် အသင်းဝင်များ စုပေါင်းပါဝင်ပူဇော်ခဲ့ကြပါသည်။

ရှေးဦးစွာ မြစေတီဆရာတော်ဘုရားမှ ဒေါ်ငြိမ်းရင်တန်ဆောင်းတွင် ငါးပါးသီလပေးကာ မေတ္တာပို့ အမျှဝေကြပြီး ရွှေတိဂုံစေတီတော်ရင်ပြင်ပတ်လည် ဆီမီးခုံများတွင် စီစဉ်ထားရှိသော ဆီမီး(၁၁၀၀၀)အား ဆရာတော်ဘုရားကြီးနှင့်တကွ အသင်းဝင်များ၊ သာဝကများ၊ ဘုရားဖူးလာပြည်သူများ အတူတကွထွန်းညှိကာ ဆီမီးပူဇော်ခဲ့ကြပါသည်။

အဆင်ပြေချောမွေ့အောင် စီစဉ်ပေးကြပါသော ရွှေတိဂုံဘုရားဂေါပကအဖွဲ့ဝင် ဦးလှမြင့်နှင့် ဘုရားဝန်ထမ်းများအား အထူးကျေးဇူးတင်ရှိပါကြောင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို) က ထုတ်ပြန်ထားသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment