Pages

Pages

တိုက်ကြီးမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲ ကျင်းပ




တိုက်ကြီး ၊ အောက်တိုဘာ ၂၃


ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) အမှတ်စဥ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး အရန်မီးသတ်တူညီဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သင်တန်းသားများအား ပေးအပ်သည်။


တိုက်ကြီးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို အောက်တိုဘာ ၂၁ ရက်မှ နိုဝင်ဘာ ၁၅ရက်အထိ အခြေခံလက်နက်မဲ့စစ်ရေးပြ၊ မီးသတ်ပညာ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးနှင့် မီးသတ်တပ်ဖွဲ့၏ ဥပဒေ၊ နည်းဥပဒေဘာသာရပ်များကို သင်တန်းသား ၅၀ဦးအား စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


စန်းကလျာခိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment