Pages

Pages

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် (၂၁) ကြိမ်မြောက် အသံမစဲအဘိဓမ္မာ (၇) ကျမ်း၊ ပဋ္ဌာန်းဒေသနာ၊ ကျမ်းရွှေစာ ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနား တက်ရောက်




ရန်ကုန်၊ အောက်တိုဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ နယ်လှည့်သစ္စာဓိဋ္ဌာန်စတုဒိသာနတ်စင်တစ်ရာကျောင်း၌ ကျင်းပသော နိုင်ငံတော်ကြီး အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်းကျိုးပြည်ရွာသာသနာအမြဲတိုးတက်စေရန်ရည်သန်၍ (၂၁) ကြိမ်မြောက် ဝါတွင်းကာလ ရက်ပေါင်း (၉၀) နေ့ညအသံမစဲ အဘိဓမ္မာ(၇)ကျမ်း၊ ပဋ္ဌာန်းဒေသနာ၊ကျမ်းရွှေစာ ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ တက်ရောက်ခဲ့သည်။

အခမ်းအနားကို ပင့်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြသည်။

ထိုနောက် ကြွရောက်တော်မူကြသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ကြီးနှင့် ပင့်သံဃာတော်များအား တာဝန်ရှိသူများနှင့် အလှူရှင်များက အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုနှင့် အခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်တို့ကို သန်လျင်မြို့၊ နယ်လှည့်သစ္စာဓိဋ္ဌာန်စတုဒိသာနတ်စင်တစ်ရာကျောင်းဆရာတော်ဒေါက်တာဘဒ္ဒန္တပညာတေဇ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) က ကျေးဇူးတင်ဝမ်းမြောက်ကြောင်း လျှောက်ထားသည်။

ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသဆရာတော်ကြီးထံမှ အနုမောဒနာတရားနားကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။


အောင်မြင့်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment