Pages

Pages

ရွှေတောင်မြို့နယ်၊ အလက ချည်မျှင်ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်




ရွှေတောင်  ၊   အောက်တိုဘာ-၂၃

    မျိုးဆက်သစ် ကျောင်းသားကျောင်းသူလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊‌ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို အလက-ချည်မျှင်ကျောင်းခန်းမ၌ အောက်တိုဘာ ၂၂ရက်နေ့၊ နေ့လယ်ပိုင်းက  ကျင်းပခဲ့သည်။

       အခမ်းအနားတွင် အလက ချည်မျှင် ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်ထွေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က လူငယ်များ ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက် စေရန် ၊စဉ်းစား တွေးခေါ်မှုများ မြင့်မားလာ စေရန်နှင့် အချင်းချင်းပူး ပေါင်း ဆောင်ရွက်တတ်သည့် အလေ့ အကျင့် ကောင်း များ ရရှိ စေရန် ရည်ရွယ်၍  လူငယ်စကားဝိုင်းများကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

      ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်က ဦးဆောင် ဆွေးနွေးသူ အဖြစ်ဆောင်ရွက်ခဲ့ပြီး အလက ချည်မျှင်ကျောင်းမှ  Grade-9 ကျောင်းသားကျောင်းသူများဖြစ်သောမောင်စိုင်းဝေယံဇော်က လူငယ်နှင့် အသိစိတ်၊ မဝသုန်မိုးက  လူငယ်နှင့် ယုံကြည်မှု၊  မောင်သူရက လူငယ်နှင့်အခွင့်အလမ်း၊ မသူဇာဝင်းရွှေက လူငယ်နှင့်ပညာရေးစသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြရာ တက်ရောက်လာသူကျောင်းသား၊ကျောင်းသူများက ကဏ္ဍအလိုက် သိရှိလိုသည်များအားမေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများကပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

      ထို့နောက် သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဆွေးနွေးသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  ခင်းကျင်းပြသထားသော နံရံကပ် စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲများကို တက်ရောက် လာကြသောကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment