Pages

Pages

မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကား




မကွေး၊ အောက်တိုဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လဆန်း (၁၀) ရက်မှ သီတင်းကျွတ်လပြည့်ကျော် (၁၄) ရက် (အောက်တိုဘာလ ၁၂ ရက် မှ ၃၁ ရက်) နေ့အထိ ရက်ပေါင်း (၂၀) ကြာ အစဉ်အလာမပျက် ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ အဆိုပါ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီး အထိမ်းအမှတ် ဆီမီး ၉၀၀၀၊ ပန်း ၉၀၀၀၊ နံ့သာ ၉၀၀၀ ထွန်းညှိ၊ ကပ်လှူပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲများအပြင် ဈေးဆိုင်တန်းများ၊ စားသောက်ဆိုင်များ၊ ကစားကွင်းများ၊ ဒေသထွက်ကုန်အရောင်းဆိုင်များနှင့် အညာဒေသ ရိုးရာမုန့်ဆိုင်တန်းများဖြင့် ခင်းကျင်းရောင်းချပေးလျက်ရှိပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ရဟန်းရှင်လူ မိဘပြည်သူများဖြင့် နေ့စဉ် အထူးစည်ကားများပြားလျက်ရှိကြောင်း သိရသည်။


အောင်ကို(ဖန်ခါးမြေ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment