Pages

Pages

အရိယာမဏ္ဍိုင် တောရရိပ်သာ ဆရာတော်နှင့် တပည့်များ က ဆရာဦးအောင်မြိုင် နှင့် ဦးအောင်အောင်ဇော်တို့အပေါ် အရပ်ဘက်တရားရုံးတွင် တရားစွဲဆိုထားမှုနှင့်ပတ်သတ်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)၏ သဘောထားကြေငြာချက်


အရိယာမဏ္ဍိုင် တောရရိပ်သာ ဆရာတော်နှင့် တပည့်များ က ဆရာဦးအောင်မြိုင် နှင့် ဦးအောင်အောင်ဇော်တို့အပေါ် အရပ်ဘက်တရားရုံးတွင် တရားစွဲဆိုထားမှုနှင့်ပတ်သတ်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)၏ သဘောထားကြေငြာချက်


ရက်စွဲ ။ ။ ၁၃၈၆ ခုနှစ် သီတင်းကျွတ်လဆန်း(၆)ရက်

၂၀၂၄ ခုနှစ် အောက်တိုဘာလ (၈)ရက်

စာအမှတ် ။ ။ ၁၁/မမရသ /၂၀၂၄


အဓမ္မဝါဒအဖြစ် ထုတ်ပြန်ကြေငြာထားပြီးဖြစ်တဲ့ ကျောက်သင်္ဘောဝါဒကို ပြန်လည်ဖော်ထုတ် ဟောပြောနေမှုများနှင့် ပတ်သတ်၍ အဓမ္မဝါဒများအား ပြန်လည်အသက်သွင်း ဟောပြောနေမှု များအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ထံသို့ ဦးအောင်မြိုင်(မစိုးရိမ်စာသင်သား)မှ အမှုတွဲ (၃)ဖိုင် ရေးသားကာ စောဒနာနှင့် တိုင်စာများ ပေးပို့တိုင်ကြားခဲ့ပါသည်။ ထိုသို့ အရိယာမဏ္ဍိုင် ဆရာတော် ၏ ဟောပြောမှုများနှင့် ပတ်သက်၍ ဓမ္မ/ အဓမ္မ အဆုံးအဖြတ်ပေးနိုင်ရန် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများထံ စောဒနာတင်ထားကြောင်း ဆရာဦးအောင်မြိုင် (မစိုးရိမ်စာသင်သား)မှ  ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူများ သိရှိစေရန် အွန်လိုင်း Facebook စာမျက်နှာပေါ်တွင် ဖော်ပြခဲ့ပါသည်။

ထိုသို့ အွန်လိုင်း Facebook စာမျက်နှာပေါ် တင်ပြခဲ့သည့်အတွက် အရိယာမဏ္ဍိုင်တောရရိပ်သာ ဆရာတော်နှင့် တပည့်များက (၆၆ဃ)ဖြင့် လှည်းကူးမြို့နယ်၊ မြို့မရဲစခန်းတွင် အမှုဖွင့်ပြီး တရားစွဲ ဆိုပြီး လှည်းကူးမြို့မရဲစခန်းက ဆရာဦးအောင်မြိုင်နှင့် ဦးအောင်အောင်ဇော် တို့ကို ဖမ်းဆီးရန် လုပ်ဆောင်လာမှုအပေါ်  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သံလျင်မင်းကျောင်း ဆရာတော်ကြီး မှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊  ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးဌာန များသို့ မေတ္တာရပ်ခံ၍ သံဃာ့အရေးကိစ္စဖြစ်သည့်အပေါ် နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးများ အစည်းအဝေးပြုလုပ်ကာ တိုင်ပင်ဆွေးနွေးနေဆဲ ဖြစ် သည့်အတွက် အရပ်ဖက်တရားရုံးတွင် ဦးအောင်မြိုင်(မစိုးရိမ်စာသင်သား)အပေါ် တရားစွဲဆိုထား သော အမှုအား ဆိုင်းငံ့ရပ်တန့် ပိတ်သိမ်းပေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာများသို့ မိန့်ကြား ခဲ့သည်ဟု သိရပါသည်။ ထိုသို့ ဆရာတော်ဘုရားကြီးမှ မေတ္တာရပ်ခံ မိန့်ကြားထားသည်ကို အလေးဂရုမပြုပဲ အရပ်ဘက် တရားရုံးတွင် ဆက်လက်တရားစွဲဆို အရေးယူမှု ပြုလုပ်နေခြင်းအား လုံးဝ (လုံးဝ) လက်ခံ မည်မဟုတ်ပါ။ 

ဆရာဦးအောင်မြိုင် (မစိုးရိမ်စာသင်သား) ဦးဆောင်၍ အဓမ္မဝါဒများကို ဖော်ထုတ်ခဲ့သည်မှာ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အပေါ် ချစ်ခြင်း/ မုန်းခြင်းအပေါ် အခြေမခံဘဲ ဗုဒ္ဓဟောကြားခဲ့သည့် ဓမ္မများကို ဟုတ်တိုင်းမှန်စွာ ဟောပြောခြင်း မပြုဘဲ မိမိတို့ လိုရာစွဲ ဟောပြောမှုများကို ဗုဒ္ဓက ဟောကြားခဲ့ သယောင် ဖန်တီးဟောပြောမှုများကြောင့် ဗုဒ္ဓဘာသာဝင်များ အသိအမြင် လွဲမှားမှု မဖြစ်ပေါ် စေရေးကိုသာ ဦးတည်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်သံဃမဟာနာယက ဆရာတော် ကြီးများ က စိစစ်ဆုံးဖြတ်ပေးရမည့် ဖြစ်စဉ်ဖြစ်ရပ်အပေါ် အဓမ္မဝါဒအား အားပေးအားမြှောက်ပြု၍ တဖက်သတ် လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ကာ အရပ်ဘက် တရားရုံးမှ တရားစွဲဆိုနေမှုအပေါ် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)မှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချသည်။

ဓမ္မဝါဒဘက်မှ ပြည့်ပြည့်ဝဝ ရပ်တည်၍ အဓမ္မဝါဒများအား ဆန့်ကျင်တွန်းလှန်သွားမည်ဖြစ်ကြောင်း 

သဘောထားကြေငြာချက် ထုတ်ပြန်လိုက်သည်။


မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)


No comments:

Post a Comment