Pages

Pages

ရွှေတောင်မြို့နယ်အတွင်းရှိသီလရှင် ဆရာကြီး ၊ဆရာလေးများအား (၆၄ )ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ






ရွှေတောင်  ၊  အောက်တိုဘာ- ၁၈

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင်သီလရှင် ဆရာကြီး ၊ဆရာလေးများအား (၆၄)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကြာနီကန်ရပ်ကွက်၊ ကူကြီးမြတ်စွာဘုရားကြီးဂေါပကအဖွဲ့နှင့် လမ်းလူငယ်မောင်မယ်လေးများဦးဆောင်၍နှစ်စဥ်ကျင်းပ​ပြုလုပ်ခဲ့သည်။

     အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် ရွှေတောင်မြို့နယ်အတွင်းရှိ  သီလရှင်ကျောင်းပေါင်း( ၂၅)  ကျောင်းတို့တွင် သီတင်းသုံးလျက်ရှိကြသော သီလရှင် ဆရာကြီး၊ ဆရာလေးအပါး 

( ၁၇၀) ပါးတို့အား ကြာနီကန်ရပ်ကွက်၊ ကူကြီးမြတ်စွာဘုရားကြီးမှစတင်၍ ရွှေတောင်မြို့ပေါ်ရှိ ရပ်ကွက် ( ၃) ရပ်ကွက်အတွင်း လှည့်လည်ရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်း အောင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နန်းမြအေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ အလှူရှင်များမှ ဆွမ်းဆန်တော် နှင့် ဒါတဗ္ဗဝတ္ထုအစုစုတို့အား  နှစ်စဉ်မပျက် စုပေါင်းလောင်းလှူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

       ထို့နောက် ရွှေ တောင်မြို့၊ ကြာနီကန်ရပ်ကွက်၊ကူကြီးဘုရား ဓမ္မာရုံ၌ သီလရှင် ဆရာကြီး၊ ‌‌‌‌‌‌‌‌‌‌‌ဆရာလေး အပါး (၁၇၀)တို့အား နေ့ဆွမ်းဆက်ကပ်လှူ ဒါန်းသွားမည်ဖြစ်‌ ကြောင်းသိရသည်။

ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment