၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို လွိုင်လင်မြို့နယ်တွင် ဆက်လက်ကောက်ယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို လွိုင်လင်မြို့နယ်တွင် ဆက်လက်ကောက်ယူ

 


လွိုင်လင် ၊  အောက်တိုဘာ  ၈


၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ယူမည်ဖြစ်ရာ ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်ကျေးရွာအလိုက်စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်းကောက်ယူနေမှုကို မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ဦးမိုးမောင်မောင်ခင်နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ နယ်မြေမှူးများက ပူပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။


လွိုင်လင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ကွက် (၂၅၈)ကွက်ရှိပြီး၊ စာရင်းစစ်/စာရင်းကောက် (၉၉)ဦးခန့်ထားရာ အောက်တိုဘာ (၆) ရက်နေ့ ယ‌မန်နေ့အထိ ကောက်ကွက် (၁၀၀)ကောက်ယူပြီးစီးကြောင်း၊ ကျန်ရှိနေသေးသည့် ကောက်ကွက်များကို သတ်မှတ်အချိန်အတွင်းပြီးစီးရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့်  နယ်မြေဒေသအေးချမ်း၍ လွိုင်လင်တစ်မြို့နယ်လုံးကို ကောက်ယူနိုင်ကြောင်း မြို့နယ်သန်းခေါင်စာရင်း ကော်မတီထံမှသိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)