Pages

Pages

ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၌ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားလျက်ရှိ






ပေါင်၊ အောက်တိုဘာ ၂၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလျှက်ရှိကြောင်း ယနေ့နံနက်ပိုင်းက သိရသည်။

အဆိုပါဖြစ်စဉ်တွင် ပေါင်မြို့နယ်၊ အလှပ်တိုက်နယ်ဆေးရုံသို့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ရေလုပ်သားဖြစ်သည့် ဦးမြသိန်း သည် အောက်တိုဘာ၂၇ ရက်နေ့မှစ၍ ဝမ်းများသွားပြီး၊ အန်ကာ အလှပ်ဆေးရုံသို့ တက်ရောက်ကုသမှုခံယူခဲ့သည်။ ၎င်းနှင့်နေသည့် ရပ်ကွက်တွင်လည်း ထပ်မံ (၉)ဦးဖြစ်ပွားလျက်ရှိပြီး အလှပ်တိုက်နယ်ဆေးရုံသို့ တက်ရောက်လာသည်။

အဆိုပါ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သတ်၍ ပေါင်မြို့နယ်ပြည်သူ့ဆေးရုံတွင် (၂၄)ဦး၊ အလှပ်တိုက်နယ်ဆေးရုံတွင် (၂၇)ဦး၊ စုစုပေါင်းလူနာ (၅၁)ဦး တက်ရောက်ကုသလျက်ရှိကြောင်းနှင့် ဝမ်းနမူနာများကိုအမျိုးသား ဓာတ်ခွဲဌာန(ရန်ကုန်)သို့ ပို့ဆောင်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အလှပ်တိုက်နယ်‌ဆေးရုံ မှ ကျန်းမာရေးဝန်ထမ်းများ၊ အလှပ်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများပူးပေါင်းပြီး ကလိုရင်းဆေးခတ်ခြင်း လုပ်ငန်းများကို ရောဂါစတင်ဖြစ်သည့် နေအိမ်နှင့် ပတ်ဝန်းကျင်များတွင် လုပ်ဆောင်နေကြောင်းသိရသည်။


မွန်မလေး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment