Pages

Pages

မြ၀တီမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ဖလူးကျေးရွာရှိစာသင်ကျောင်း တစ်ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဖြန့်ဝေ


နေပြည်တော်၊ အောက်တိုဘာ ၂

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ် သဖြင့် ဖလူးကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာများက သတင်းတု၊ သတင်းအမှားများကို ဝါဒဖြန့်ဝေနေသည်ကို  တွေ့ရှိရသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု မရှိခဲ့ကြောင်း၊ အကြမ်းဖက်သမားများသည် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည်ကို မနာလိုမရှုစိတ်ဖြင့်ကျောင်းသား၊ ကျောင်းသူများ ပညာဆက်လက်မသင်ကြားနိုင်ရေးအတွက် အဆိုပါကျေးရွာရှိ  စာသင်ကျောင်းအား Drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက တပ်မတော်နှင့် ပြည်သူအကြား သပ်လျှိုသွေးခွဲရန်နှင့် အကြမ်းဖက်သမား များ၏ လုပ်ရပ်များကို ဖုံးကွယ်ပေးရန်အတွက် ယခုကဲ့သို့ မဟုတ်မမှန်သည့် သတင်းမှားများဖြင့် လှုံ့ဆော်ဝါဒ ဖြန့်နေခြင်းသာဖြစ်ကြောင်း သိရှိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment