နေပြည်တော် ၊ အောက်တိုဘာ ၂၈
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်အတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ပျဉ်းမနားမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများ၏ ပျောက်ဆုံးပျက်စီးသွားသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခြင်း၊ တပ်ကုန်းမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးစိုက်ဧကများ၊ ဆောင်းသီးနှံ မတ်ပဲနှင့် နေကြာမျိုးစေ့များ ထောက်ပံ့ ပေးအပ်ခြင်း၊ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပျဉ်းမနားမြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ စိတ္တသုခဓမ္မာရုံတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးမှ ရေဘေးသင့်ပြည်သူများ၏ ပျောက်ဆုံး၊ ပျက်စီးသွားသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲသို့ တက်ရောက်ပြီး ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် ညောင်ပင်သာကျေးရွာအုပ်စု၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ ကျွန်းဦးကျေးရွာအုပ်စု၊ သကြားစက်ကျေးရွာအုပ်စု၊ ဆင်သေကျေးရွာအုပ်စု၊ နတ်သူရဲကျေးရွာအုပ်စု၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ သနပ္ပင်ဆိပ်ကျေးရွာအုပ်စုတို့မှ ရေဘေးသင့်ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် စားသောက်ကုန်ပစ္စည်းများကို ပေးအပ်ကြပြီး တက်ရောက်လာကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာအုပ်စု၊ ချောင်းခွကျေးရွာ၊ ကွင်းအမှတ် ၁၃၂၇ (ညောင်ကိုင်းကွင်း)တွင် ရာဂီမုန်တိုင်း အရှိန်ကြောင့် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများတွင် ဆောင်းသီးနှံ မတ်ပဲနှင့် နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် မြေပြင်ခြင်း၊ စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက် သည်။
အဆိုပါ မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲနှင့် ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာနတို့မှ ရေကြီးနစ်မြုပ်ခဲ့မှုကြောင့် ပျက်စီးခဲ့သည့် လယ်ယာမြေများတွင် ပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေများတွင် ရာသီသီးနှံများကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ရေး၊ သီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေး၊ သီးထပ်စွမ်းအားများ တိုးတက်ရေး၊ စိုက်ပျိုးရေရရှိရေးတို့ကို စီမံဆောင် ရွက်ကြ စေလိုကြောင်း၊ တောင်သူများအနေဖြင့် မိမိတို့၏ လယ်ယာမြေများတွင် သီးနှံများ ပြန်လည်စိုက်ပျိုး နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေး ပြောကြားပြီး ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧရိယာများတွင် ဆောင်းသီးနှံ ပြန်လည်စိုက်ပျိုးနိုင် ရေးအတွက် မတ်ပဲနှင့် နေကြာမျိုးစေ့များကို တောင်သူများအား ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်တာဝန်ရှိသူများသည် အဆိုပါ ကွင်းအတွင်း သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနက စက်ယန္တရားများဖြင့် မြေပြုပြင်ဆောင်ရွက်နေမှုများနှင့် တင်ကျန်ခဲ့သည့်သဲနှုန်းများ ခြစ်ထုတ်နေမှု များကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ရှောက်ကုန်းကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာတွင် ရေမျောခဲ့သည့်နေအိမ်များ ပြန်လည်တည် ဆောက်နေမှုနှင့် ကျေးရွာတွင်းလမ်းများ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း၊ လက်ပံကုန်းကျေးရွာ - မကျီးကုန်းကျေးရွာ - သရက်အုပ်ကျေးရွာသို့ ဆက်သွယ်ထား သော ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်နေမှုအခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေး ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment