ရန်ကုန်၊ အောက်တိုဘာ ၃၁
Facebook လူမှုကွန်ရက်စာမျက်နှာတွင် ဘာသာရေးစော်ကားမှုများ လုပ်ဆောင်ခဲ့သည့် ရှိုင်းထက်အောင် (ခ) ဗွီးထက်ကူးမားအား လှိုင်မြို့မ ရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
“Her Sal Yon(Ko King)” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ သည် ဂျားကစ်စားဖူးသရီး ဇာတ်ကားကို နှင့် ပတ်သက်၍ ရေးသားဖော်ပြရာမှာ သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဗုဒ္ဓဘာသာကို ရည်ရွယ်ချက်ရှိရှိ ပျက်ရယ်ပြု စော်ကားမှုများ လုပ်ဆောင်ထားသည့် မှတ်တမ်းများ တွေ့ရှိခဲ့ရပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုမှုများ ရှိခဲ့သည်။
အောက်တိုဘာလ ၂၉ ရက်နေ့တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Her Sal Yon(Ko King)” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်နေ ရှိုင်းထက်အောင် (ခ) ဗွီးထက်ကူးမားအား ည ၆ နာရီ ၄၀ မိနစ်တွင် လှိုင်မြို့မ ရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment