Pages

Pages

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ပုသိမ်ရုံးခွဲရှိ ဝန်ထမ်းများအားတွေ့ဆုံ


ပုသိမ်၊ အောက်တိုဘာ ၃၀

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ၂၈-၁၀-၂၀၂၄ ရက်နေ့ မွန်းလွဲပိုင်းက AZURA RESORT HOTEL ၌ ချောင်းသာညဈေးတန်း ဖွင့်လှစ်ရန် တည်ဆောက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ခရီးသွားဧည့်သည်များ ဒေသထွက်အစားအစာများ၊ လွယ်ကူအဆင်ပြေစွာ စားသောက်၊ ဝယ်ယူနိုင်ရေးနှင့် အမှတ်တရပစ္စည်းများ ရောင်းချနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ဟိုတယ်များ၌ ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် အသုံးပြုနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုသိမ်ရုံးခွဲမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ချောင်းသာကမ်းခြေဒေသ ခရီးသွားလုပ်ငန်း စနစ်တကျ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ် များကို မှာကြား၍ ပုသိမ်ရုံးခွဲ ရုံးသစ်အဆောက်အဦဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်ထားမှုအခြေ အနေကို ကြည့်ရှုသည်။

ယင်းနောက် ပုသိမ်မြို့ ရွှေမုဋ္ဌော မဟာစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ပြီး ဘုရားဖူး ခရီးသွားများအတွက် ဝန်ဆောင်မှုပေးရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

           

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment