Pages

Pages

နောင်ချို၊ ထန်တလန်နှင့် အကြမ်းဖက်သမား အခြေပြုလှုပ်ရှားနေသည့် မြို့နယ်များတွင် အကြမ်းဖက်နှိမ်နင်းရေးနှင့် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်



နေပြည်တော်၊ အောက်တိုဘာ ၂၇

နောင်ချိုမြို့နယ်၊ ဂန့်ဂေါ်ဒေသတွင်ဆုတ်ခွာထွက်ပြေးနေသော TNLA အကြမ်းဖက်အဖွဲ့ကို ယနေ့ တပ်မတော် နယ်မြေရှင်းလင်းရေးအဖွဲ့များက ထပ်ကြပ်မကွာ လိုက်လံချေမှုန်းခဲ့ကြောင်း သိရသည်။ Drone များ၊ အမြောက်များဖြင့် လိုက်လံချေမှုန်းနေသလို စစ်ကြောင်းများမှလည်း ချေမှုန်းလျက်ရှိရာ TNLA အကြမ်းဖက်အဖွဲ့ အကျအဆုံးများစွာဖြင့် ဆုတ်ခွါ ထွက်ပြေးနေကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ ၂၇ ရက်နေ့ တစ်ရက်တည်းမှာပင် TNLA အကြမ်းဖက်သမား ၁၇ လောင်း ရရှိပြီး Type-81 သေနတ် ၃ လက်၊ RPG ဗုံးသီး  ၃၇ လုံး၊ ပိုကျည်  ၂၉ တောင့်၊ ကျည်  ၅၂၀၀ တောင့်ကျော်၊ အီနာဂါ  ၈ လုံး၊  ကျည်အိမ် ၃၃ ခု၊ တရုတ်လက်ပစ်ဗုံး  ၇ လုံး၊ ဒရုန်းဂန်း  ၁ လက်၊ TNLA ယူနီဖောင်း  ၁၉ စုံ၊ PDF ယူနီဖောင်း  ၁ စုံ၊ ကျောပိုးအိတ်  ၂၃ လုံး၊ အီကွေ့မန့် ၁၀ ခု၊ ဂျန်ဘာ   ၁ ခု၊ အိုက်ကွန်  ၂ လုံး၊ ဘေးလွယ်အိတ်  ၃ လုံး၊ စောင်  - ၃ ထည်၊ မှတ်ပုံတင်  ၂ ခု၊ မှန်ပြောင်း  ၁ လက်၊ ကျည်ပုံးခွံ   ၉ ပုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


အလားတူ အောက်တိုဘာ ၂၆ ရက် နေ့လည်ပိုင်းက ထန်တလန်မြို့တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော စစ်ကြောင်းနှင့် PDF အကြမ်းဖက်သမား ၁၅ ဦးတို့ ထိတွေ့မှုအနည်းငယ်ဖြစ်ပွားပြီး ဖြစ်စဉ်တွင် မိမိဘက်မှ စစ်သည် ၁ ဦး မစိုးရိမ်ရ ထိခိုက်မှုရှိပြီး PDF အကြမ်းဖက်သမား အလောင်း ၁ လောင်း၊ M-4 သေနတ် ၁ လက်၊  ကျည်အိမ် ၃ ခု၊ ကျည် ၂၀၀ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


အလားတူ အောက်တိုဘာလ ၂၆ ရက် နံနက် ၄ နာရီခန့်က ထီးလင်းမြို့နယ်တွင် ကျားခဲကျေးရွာတွင် ခိုးအောင်း ရောက်ရှိနေသည့် PDF အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ PDF  အကြမ်းဖက်သမား ၅ လောင်း၊ လုပ်သေနတ် ၃ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ အိုင်ကွန် ၁ ခု တို့အား သိမ်းဆည်းရမိကြောင်း သိရသည်


မတ္တရာမြို့နယ်တွင် အောက်တိုဘာ ၂၆ ရက် မနက် ၁၀ နာရီချိန်ခန့်တွင် မြို့နယ်အတွင်း နယ်မြေရှင်းစစ်ကြောင်းသည် မတ္တရာမြို့၏ အနောက်မြောက်ဘက် မီတာ ၆၀၀၀ ခန့်အကွာတွင် PDF အကြမ်းဖက်သမား အင်အား  ၉၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ အနောက်အရပ်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ 

ဖြစ်စဉ်တွင် စစ်သည် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ ကျည်မျိုးစုံ ၂၀၀ တောင့်၊ တိုက်မိုင်း ၁၅ လုံး၊ ဆွဲမိုင်း ၅ လုံး၊ Remote ခလုတ် ၁၀ ခု၊ ဝါယာကြိုး ၂ ခွေ၊ ပစ်ကျင်း ၂၄ ကျင်း၊ ဆသရမြောင်း ၁၀၀ ပေခန့်၊ ဖောက်ခွဲရေးပစ္စည်းမျိုးစုံ တို့အား သိမ်းဆည်းရရှိခဲ့ပြီး အကြမ်းဖက်စခန်းကို ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။


ကြို့ပင်ကောက်မြို့နယ်တွင် အောက်တိုဘာ ၂၆ ရက်၊ နေ့လည်ပိုင်းအချိန်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော စစ်ကြောင်းသည် ကြို့ပင်ကောက်မြို့၏ ၁၁ မိုင်အကွာရှိ အေးရွာလေးကျေးရွာအနီးတွင် အကြမ်းဖက် ၁၅ ဦးနှင့် ထိတွေ့မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး PDF အကြမ်းဖက်သမား အလောင်း ၃ လောင်း၊ ၁၂ ဘိုးလ် သေနတ် ၁ လက်၊ မိုင်း ၄ လုံး၊ ဆိုင်ကယ် ၂ စီး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


နောင်ချိုမြို့နယ်အတွင်း TNLA, PDF အကြမ်းဖက်အဖွဲ့များ အခြေပြု လှုပ်ရှားရာ နေရာများကို ဒရုန်းဖြင့် စောင့်ကြည့်ပြီး ရှင်းလင်းဆောင်ရွက်နေသည့် ရုပ်သံမှတ်တမ်းများလည်း ထုတ်ပြန်ထားသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment