Pages

Pages

လားရှိုးမြို့တွင် နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်




လားရှိုး၊ အောက်တိုဘာ ၂၉

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ပေါ်တွင် ခြေကုပ်ယူ၍ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသော MNDAA အကြမ်းဖက်အဖွဲ့ ခိုအောင်းနေထိုင်ရာ နေရာများကို တပ်မတော်က လေကြောင်းမှ ရှင်းလင်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးဟု ကြေညာပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်လုပ်ရပ်များ ကာလရှည်ကြာ ကျူးလွန်ခဲ့ကြသည့် MNDAA, TNLAနှင့် PDF အကြမ်းဖက်အဖွဲ့များကို ယခုရက်ပိုင်းအတွင်း ဆက်တိုက် ရှင်းလင်းဆောင်ရွက်မှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

တပ်မတော်က ရှင်းလင်းဆောင်ရွက်မှုများ လုပ်ဆောင်လာသည့် ကာလတွင် MNDAA အကြမ်းဖက်အဖွဲ့က ၎င်းတို့အနေဖြင့် CIA နှင့် ပတ်သက်မှုမရှိပါကြောင်း၊ ထိုင်းဝမ်နှင့်လည်း စီးပွားရေးအရ ဆက်စပ်မှုမရှိပါကြောင်း၊ KIA ထံမှ တဆင့် CIA က ဆက်သွယ်လာသော်လည်း လက်မခံခဲ့ကြောင်း တရုတ်နိုင်ငံက ညှိနှိုင်းဖြေရှင်းပေးရန် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ဒေသခံပြည်သူလူထု အတိဒုက္ခရောက်စေရန် အကြမ်းဖက်လုပ်ရပ်များကို မဆန်စွာ လုပ်ဆောင်ခဲ့သည့်အပြင် ဗုဒ္ဓဘာသာဝင် ပြည်သူတစ်ရပ်လုံးကို စော်ကားခဲ့သည့် MNDAA အကြမ်းဖက်အဖွဲ့ကို ရဟန်းရှင်လူပြည်သူများက ရှင်းလင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment