Pages

Pages

BPLA အမည်ခံ အကြမ်းဖက်အဖွဲ့မှ မောင်ဆောင်းခ က NUG လက်အောက်ခံ တပ်မဟုတ်ဟုဆို


ရန်ကုန်၊ အောက်တိုဘာ ၃၀

NLD အစွန်းရောက် အကြမ်းဖက်သမား မောင်ဆောင်းခ ဆိုသူသည် BPLA အကြမ်းဖက်အဖွဲ့ကို ဦးဆောင်ပြီး MNDAA နှင့် ပူးပေါင်းပြီး အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေရာမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် နေထိုင်ခွင့် မရတော့သဖြင့် အညာဒေသတွင် အခြေချမည်ဖြစ်ကြောင်း NUG အကြမ်းဖက်အဖွဲ့မှ ရည်မွန်နှင့် တွဲရိုက်ထားသော ဓာတ်ပုံဖြင့် ဖော်ပြထားသည်ကို တွေ့ရသည်။

အကြမ်းဖက်သမား မောင်ဆောင်းခ က "BPLA က ဗမာလူမျိုးစုကိုယ်စားပြုဖို့နဲ့ ဗမာလူထုရဲ့အသိအမှတ်ပြုမှုရရှိဖို့ တဆင့်ချင်း အကောင်အထည်ဖော်သွားပါမယ်။ သေချာတာတခုကတော့ BPLA ဟာ NUG/MOD လက်အောက်ခံတပ်မဟုတ်ပါဘူး။" ဟု ရေးသားပြောဆိုထားသည်။

NUG နှင့် ပူးပေါင်း၍ အကြမ်းဖက်အဖွဲ့များ ဖွဲ့စည်းလှုပ်ရှားနေသူများကြားတွင် ငွေကြေးအရှုပ်တော်ပုံများကြောင့် ညီညွတ်မှုပြိုကွဲလျက်ရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment