Pages

Pages

အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ၌ EV Training of Trainers သင်တန်း (၂/၂၀၂၄) ဖွင့်


နေပြည်တော်၊ အောက်တိုဘာ ၂၂

EV Training of Trainers သင်တန်း (၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ကမ္ဘာ့စွမ်းအင်အကျပ်အတည်းနှင့် ကာဗွန်ကင်းစင်ရေးပန်းတိုင်ကြောင့် နိုင်ငံတကာ၌ EV သုံးစွဲမှု များ တစ်ရှိန်ထိုးမြင့်တက်လာသည်ကို တွေ့ရှိရပြီး မိမိတို့နိုင်ငံတွင်လည်း သုံးစွဲမှုမြင့်တက်လာ နေကြောင်း၊ EV သုံးစွဲသည့်ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သတ်မှတ်စံနှုန်း၊ ညွှန်ကြားချက်များနှင့်အညီ အသုံးပြုနိုင်ရေး အသိပညာပေးဆွေးနွေးပွဲများအပြင် EV လုပ်ငန်းရှင်များ၏ နည်းပညာ လိုအပ်ချက်အပေါ်မူတည်၍ လက်တွေ့ကျသော သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း ပြောကြားပြီး EV Workshop ၌ အဆင့်မြင့် သင်ထောက်ကူပစ္စည်းများဖြင့် သင်တန်းသားများ လေ့လာ သင်ယူနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

အဆိုပါသင်တန်းသို့ ပြင်ပ EV ကုမ္ပဏီများမှ သင်တန်းသား ၁၃ ဦး၊ ဝန်ကြီးဌာနများမှ သင်တန်းသား ၁၅ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလ ရက်သတ္တခြောက်ပတ်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment