Pages

Pages

ကယန်းအမျိုးသားတပ်မတော် (KNA) အမည်ခံ အကြမ်းဖက်အဖွဲ့ ပေါ်ပေါက်လာပြန်ပြီ


ကယန်းတိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ကယန်းအမျိုးသားတပ်မတော် - Kayan National Army (KNA)ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနားတစ်ရပ်ကို  ၂၀၂၄ခုနှစ် အောက်တိုဘာလ ၂၉ ရက် နေ့မနက်ပိုင်းက ဖယ်ခုံမြို့နယ်အတွင်းရှိ ကယန်းဒေသ တစ်နေရာမှာကျင်းပပြုလုပ်ခဲ့ပါတယ် ဆိုတဲ့ သတင်းကို တွေ့ရပါတယ်။

အဲဒီသတင်းမှာတော့ လွိုင်ကော်ဒေသ၊ ဒီမောဆိုဒေသ၊ မိုးဗြဲဒေသ၊ ဖယ်ခုံဒေသနဲ့ တခြားကယန်းဒေသတွေမှာပြန့်ကြဲနေတဲ့ ကယန်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကိုစုစည်းပြီး ကယန်းအမျိုးသားတပ်မတော် (KNA)ကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။

မြန်မာပြည်မှာ ပြည်ဖျက်ပါတီ NLD က ဦးဆောင်ပြီး အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့တယ်။ တိုင်းရင်းသား လက်နက်ကိုင်အမည်ခံ ပြည်ပသြဇာခံတွေက အကြမ်းဖက်လှုပ်ရှားမှုကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နိုင်အောင် ကူညီပံ့ပိုးပေးတယ်။ ကရင်ပြည်မှာလည်း ကရင်အမျိုးသားတပ်မတော်ဆိုတဲ့ အမည်နာမနဲ့ ထွက်ပေါ်လာပါသေးတယ်။ အခုလည်း ကယန်းအမျိုးသားတပ်မတော် ဆိုတဲ့ အသံထွက်လာပြန်ပါပြီ။ ထပ်မံပြီး ပြည်ပသြဇာခံ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းပြီး တိုင်းဖျက် ပြည်ဖျက် လုပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အမည်ခံအဖွဲ့အစည်းအစည်းတွေဟာ ချင်းအမျိုးသားတပ်မတော်၊ ရခိုင်အမျိုးသားတပ်မတော်၊ ကချင်အမျိုးသားတပ်မတော်၊ ကရင်နီအမျိုးသားတပ်မတော် အစရှိသဖြင့် ဖွဲ့စည်းဆောင်ရွက်ကြဖို့ ရည်ရွယ်ဟန် တူပါရဲ့။

CIA ရဲ့ လက်ဝေခံတွေမှာ တသွေး တသံ တမိန့် ဖြစ်နေတာကိုတော့ ထောက်ရှုကြည့်မိတယ်။ အာဖဂန်နစ္စတန်မှာ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ CIA ကြိုးကိုင်ထားတဲ့ အစိုးရက National  Unity Governent တဲ့။ မြန်မာပြည် မှာလည်း CIA ရဲ့ လက်ပါးစေ NLD အုပ်စုက အာဏာလက်မဲ့ဖြစ်ပြီးနောက် National Unity Government လို့ ဖွဲ့စည်းလာတာကို သတိပြုမိကြပါလိမ့်မယ်။ 

မြန်မာပြည်တွင်းမှာ လက်နက်ကိုင်လှုပ်ရှားနေတဲ့ အဖွဲ့များကိုလည်း CIA ရဲ့ ဆဲလ်တွေ ပျံ့နှံ့စိမ့်ဝင်ပြီး အမျိုးသားတပ်မတော် အမည်ခံပြီး လှုပ်ရှားကြဖို့ လက်နက်ငွေကြေး ပံ့ပိုးပေးနေပြီလို့ ယူဆရပါတယ်။

တိုင်းပြည်တည်ငြိမ်အေးချမ်းရေး အတွက် တာဝန်ယူဆောင်ရွက်နေတဲ့ အစိုးရအနေနဲ့တော့ နှိမ်နင်းပေအုံးတော့ပေါ့။ လေးနှစ်တာ ကာလ အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာမှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ သေဆုံးရမှု အခြေအနေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆုံးရှုံးခဲ့ရတဲ့ အခြေအနေတွေကို ထောက်ရှုဆင်ခြင်ကြည့်မယ်ဆိုရင်တော့ အကြမ်းဖက်နှိမ်နင်းရေးဟာ ပျော့အိ ပျော့အိ လုပ်လို့ မရတော့တဲ့ အခြေအနေဖြစ်တယ်ဆိုတာကို တွက်ဆမိကြပါလိမ့်မယ်။ အစိုးရက ပျော့အိ ပျော့အိ လုပ်နေတဲ့ အခိုက်အတန့်မှာ အကြမ်းဖက်အဖွဲ့အစည်းတွေက များသထက် များလာနေတာကိုလည်း သတိပြုမိကြပါစေ။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment