Pages

Pages

ရန်ကုန်မြို့ LOTTE Hotel တွင် (၁၆) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့် ကားအရောင်းပြပွဲ ကျင်းပ





ရန်ကုန်၊ အောက်တိုဘာ  ၆

Myanmar House နှင့် Cars DB  တို့မှ ကြီးမှူးကျင်းပသည့် "(၁၆) ကြိမ်မြောက် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် ကားအရောင်းပြပွဲ"ကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ LOTTE Hotel ၌ကျင်းပရာ Myanmar House နှင့် Cars DB မှ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ပြပွဲတွင် အိမ်ခြံမြေချစ်သူတွေအတွက် နာမည်ကြီးဆောက်လုပ်ရေးကုမ္ပဏီပေါင်းများစွာမှ ဆောက်လုပ်ပြီး၊ ဆောက်လုပ်ဆဲတိုက်ခန်း၊ ကွန်ဒိုနှင့် LUXURY ကွန်ဒိုများ၊ မြေကွက်သီးသန့်ဝယ်လိုသူများအတွက် ခိုင်မာသည့် မြေကွက်များ၊ လုံးချင်းအိမ်များ၊ မြန်မာနိုင်ငံတဝှမ်းရှိ အိမ်ခြံမြေများနှင့် တန်ဖိုးသင့်တိုက်ခန်းများအပြင် နာမည်ကြီး ကားဘရန်းပေါင်းများစွာနှင့် Showroom များမှ ကားအမျိုးအစားများစွာကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပြသပေးထားကြောင်း သိရသည်။

ပြပွဲတွင် ရောင်းချပေးထားသည့် အိမ်ခြံမြေနှင့် ကားများဝယ်ယူရာတွင် အတိုးမဲ့အရစ်ကျစနစ်များ၊ အထူးလျှော့ဈေးနှုန်းများ၊ ဘဏ်ချေးငွေများ၊ အကောင်းဆုံးငွေချေစနစ်များ၊ နှစ်ရှည်အရစ်ကျစနစ်များ ခိုင်မာမှုရှိသည့် စာချုပ်စာတမ်းများနှင့် စိတ်ချလက်ချဝယ်ယူနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံသားတိုင်း အိမ်ရောကားပါပိုင်ဆိုင်နိုင်ကြရန် ရည်ရွယ်ပြီး ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။ ပြပွဲတွင် ကုမ္ပဏီ (၃၀)ကျော်မှ အိမ်ခြံမြေနှင့် ကားများကို အောက်တိုဘာ (၅)ရက်မှ (၆) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ပြသရောင်းချပေးသွားမည်ဖြစ်ရာ မည်သူမဆို လာရောက်လေ့လာကြည့်ရှုဝယ်ယူနိုင်ကြောင်း သိရသည်။


အောင်မြင့်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment