Pages

Pages

ဗီယက်နမ်ပါလီမန်က ဗိုလ်ချုပ်ကြီး Luong Cuong ကို နိုင်ငံ့သမ္မတသစ်အဖြစ် ရွေးချယ်


ဟနွိုင်း၊ အောက်တိုဘာ ၂၁

ဗီယက်နမ်နိုင်ငံ အမျိုးသားလွှတ်တော် (unicameral Parliament) သည် ဗိုလ်ချုပ်ကြီး Luong Cuong ကို နိုင်ငံ၏ သမ္မတသစ်အဖြစ် ရွေးချယ်လိုက်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြသည်။

အမျိုးသားလွှတ်တော်၏အဆိုအရ အသက် ၆၇ နှစ်အရွယ် Luong Cuong အား နိုင်ငံ့ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ရန် ဆုံးဖြတ်ချက်ကို လွှတ်တော်အစည်းအဝေးတွင် တက်ရောက်နေသည့် လွှတ်တော်ကိုယ်စားလှယ် ၄၄၀ အနက် ၄၄၀ က ထောက်ခံခဲ့သည်။ ဗီယက်နမ်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါလီမန်သည် နိုင်ငံ၏ ခေါင်းဆောင်မှုကို ခန့်အပ်ခြင်းနှင့် ဖြုတ်ချနိုင်သည့် အမြင့်ဆုံး အခွင့်အာဏာရှိသည်။

Luong Cuong ကို ၁၉၅၇ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Phu Tho တွင် မွေးဖွားခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ဗီယက်နမ်ပြည်သူ့တပ်မတော်တွင် စစ်မှုထမ်းခဲ့သည်။


Ref - TASS

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment