Pages

Pages

NUG အကြမ်းဖက်အဖွဲ့ ၏ ထောက်ပို့ တစ်ဦး ထိုင်းနိုင်ငံရှိ ရွှေဆိုင်အား ဝင်ရောက်လုယက်စဉ် ဖမ်းဆီးခံရ


မူယန်၊ အောက်တိုဘာ ၉

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ မူယန်မြို့နယ်၊ ဘန့်နူယာကျေးရွာရှိ ရွှေဆိုင် တစ်ဆိုင်ကို အောက်တိုဘာ ၈ ရက်နေ့က ရွှေဝယ်ဟန်ဆောင်ပြီး ၂ ကျပ်သား ဆွဲကြိုးတစ်ကုံးကို ဝင်လုခဲ့သော NUG အကြမ်းဖက်အဖွဲ့၏ ထောက်ပို့ PDF တစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

မူယန်မြို့နယ်၊ ဘန့်နူယာကျေးရွာရှိ မြန်မာနိုင်ငံသားတစ်ဦးက “သူက ယခင် NUG ထောက်ပို့လည်း လုပ်ကိုင်ခဲ့သူဖြစ်တယ်။ ပြီးတော့ PDF အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တယ်။ တောထဲကနေ ပြန်ရောက်လာပြီးနောက် ပုံမှန် အခြေအနေ မဟုတ်တော့ဘူး။ အခုလည်း ဆွဲကြိုးဝယ်မယ်ဆိုပြီး ဝင်လုတာ” ဟု ပြောသည်။

လုယက်မှုကျူးလွန်သူသည် မြန်မာနိုင်ငံသားဖြစ်ပြီး အမည်မှာ စိုးနိုင်၊ အသက် ၂၅ နှစ် အရွယ်ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment