Pages

Pages

အောင်လံမြို့နယ်တွင် အမျိုးသားတစ်ဦးကို PDF အကြမ်းဖက်သမားများက ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်


အောင်လံ၊ အောက်တိုဘာ၁၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် တရော်ကုန်းရပ်ကွက် မြို့မသုဿန်အနီးရှိ အမှိုက်ပုံကုန်းတွင် အမှိုက်ကောက်၍ ကျပန်းနေထိုင်သော ဦးကောင်းမြတ်(ခ)မျက်ပြူး အသက်(၅၁)နှစ်အား ယနေ့နံနက် (၅) နာရီ အချိန်ခန့်တွင်    အမှိုက်ပုံအနီး ၎င်း၏တဲတွင် ရှိနေချိန် PDF အကြမ်းဖက်သမားများက ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်သွားကြောင်း သိရသည်။

သတင်းများအရ အောင်လံမြို့၊ ကံကြီးရပ်ကွက် ကမ်းနားလမ်း မှ အောင်စိုးသန်း (ဘ)ဦးသန်းမြင့် အသက်(၅၂)ဦးဆောင်‌သော ပျောက်ကြားယူနီဖောင်းဝတ်ထားပြီး မျက်နှာဖုံးတပ်ထားသော လက်နက် အတို၊ အရှည်ပါ PDF အကြမ်းဖက်သမား(၅) ဦးမှ ဦးကောင်းမြတ်အားဖမ်းဆီး၍ အမှိုက်ပုံနှင့် ကိုက်(၂၀၀) ခန့်အကွာတွင် ဓါးဖြင့်(၇)ချက်ခုတ်၍ သတ်ဖြတ်သွားကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment