Pages

Pages

ထွေ/အုပ်စာရေးတစ်ဦးအား PDF အကြမ်းဖက်အဖွဲ့က အကြောင်းမဲ့ သတ်ဖြတ် သွား


ရွှေတောင်၊ အောက်တိုဘာ  ၂၈

ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ရွှေတောင်မြို့နယ်၊ ယင်းမူကုန်းအုပ်စု အငယ်တန်းထွေ/အုပ်စာရေးအား ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်ခန့်အချိန်က PDF အကြမ်းဖက် အဖွဲ့မှ အကြောင်းမဲ့ သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

ယင်းမူကုန်းအုပ်စု ထွေ/အုပ်စာရေး ဦးအေးမင်းနိုင် အား မမဲကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့် ၆ ချက်ခန့် ပစ်ခတ်ခဲ့သဖြင့် နေရာတွင်ပင်သေဆုံးသွားခဲ့ရခြင်းဖြစ်ပြီး၊ သေဆုံးသူ ဦးအေးမင်းနိုင် အား ဖုန်းဆက်၍ခေါ်သဖြင့် ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ၎င်း၏ဖုန်းကိုလည်း PDF အကြမ်းဖက်အဖွဲ့မှ ယူဆောင်သွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment